V5 Chapter 38 - နိမိတ်

78 10 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 38 - နိမိတ်

နယ်စားကြီးက ပြန်ရောက်လာပြီဆိုပေမဲ့ ဗြိတိန်သံတမန်အုပ်စုကို ခေါ်မတွေ့ဘူး။ အဲဒီအစားဒီပရဲ့အစီရင်ခံစာကိုပဲ အစိုးရအဖွဲ့ကိုပြဖို့ ဆုံးဖြတ်လိုက်တယ်။ အခုက သင်္ကြန်ရက်ဖြစ်ပြီး အစိုးရရုံးတွေအပါအဝင် တစ်နိုင်ငံလုံးအတွက် ရုံးပိတ်ရက်ပါ။

အစိုးရအရာရှိတွေလည်း စစ်ပွဲကာလမှာ အင်မတန်ပင်ပန်းနေပြီးဖြစ်တဲ့အတွက် နယ်စားကြီးက နားရက်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ပြီးတော့ အခုကိစ္စက ဒီလောက်ကြီးအလျင်လိုတာလည်း မဟုတ်ဘူးလေ။ အနီးဆုံးရုံးတက်ရက်ဖြစ်တဲ့ နှစ်ဆန်းနှစ်ရက်နေ့မှာမှ လွှတ်တော်ကျင်းပပြီး တရားဝင်ခေါ်ဆွေးနွေးဖို့ဆုံးဖြတ်လိုက်တယ်။နိုင်ငံတကာသံတမန်တွေ နိုင်ငံတစ်နိုင်ငံမှာ တစ်ပတ်လောက်နေတယ်ဆိုတာက ပုံမှန်ပဲမလို့ သိပ်​တော့မထူးဆန်းဘူး။ အမှန်က လီလီယာလိုမင်းသမီးတစ်ပါး ဆုဗာနာမှာနေတာကြာလေ ​​နှစ်နိုင်ငံဆက်ဆံရေးခိုင်မာကြောင်း ပိုပြနိုင်လေပဲ။

ညပိုင်းရောက်လာ​တော့ ဧည့်သည်တွေကို မေမေသီတာက အိပ်ခန်းတွေဆီလိုက်ပို့တယ်။ အယ်လိုဟင်နဲ့မင်းသမီးလီလီယာတို့က နန်းတော်သံတမန်ဆောင်ရဲ့အကောင်းဆုံး အခန်းတွေကိုရသွားတယ်။

ဒါပေမဲ့ ဖရာလီတာကတော့ သူ့ကိုပေးတဲ့အခန်းမှာမအိပ်ဘဲ အတူတူအိပ်မယ်ဆိုပြီး မက်ဒါနာသဘောမတူရသေးခင်မှာတင် အထုပ်အပိုးတွေကို မက်ဒါနာအခန်းထဲ ယူလာပြီးနေပြီ။

မေမေမက်ဒါနာကတော့ အခန်းထဲမှာအတူရှိနေကြပြီဖြစ်တဲ့ ဖရာလီတာနဲ့မက်ဒါနာကို နားရွက်တက်ချိတ်လုမတတ် အပြုံးနဲ့ကြည့်ရင်း တံခါးပိတ်သွားတယ်။ မသွားခင် အခုလိုပြောသွားသေးတယ်။

"သမီးတို့ ညကျရင် တအားကဲပြီး ဆူညံ့မနေကြနဲ့ဦးနော်။ ဘေးအခန်းတွေကို အားနာဦး။"

မက်ဒါနာကတော့ မေမေသီတာပြောသွားတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးရယ်။ 'ဖရာလီတာနဲ့ငါက တိုကျိုမှာလည်း တစ်ခန်းတည်းအတူတူအိပ်နေကျလေ။ ဘာဆူဆူညံ့ညံ့မှလည်းမဖြစ်ပါဘူး။' သူလေးခေါင်းကုတ်ရင်း စဥ်းစားလို့ပေါ့။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now