V5 Chapter 16

69 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 16 - ကယ်ဆယ်ရေးမစ်ရှင်

"နယ်စားကြီး၊ ဘယ်တောင်ပျံ မီတာသုံးရာတံတိုင်း ပေါက်ကွဲသွားပါတယ်။"

"ပြင်ဆင်ရေးတပ်ဖွဲ့တွေ စေလွှတ်ပြီး အမြောက်ပစ်ကူပေးလိုက်။"

တံတိုင်းပေါ်က အကြီးဆုံးနဲ့အဓိကအကျဆုံး ခံတပ်ကြီးအတွင်းမှာတော့ နယ်စားကြီးက တံတိုင်းတစ်ခုလုံးအတွက် အမိန့်တွေကို ဇယ်ဆက်နေသလိုမျိုး ဆက်တိုက်ပေးနေပါတယ်။ သူနဲ့အတူ နန်းတွင်းအစောင့်တပ်ရဲ့အင်အားတစ်ဝက်က အတူရှိနေပြီး B အဆင့် ကိုယ်ရံတော်နှစ်​​ယောက်က လက်ဝဲရံလက်ယာရံတွေအဖြစ် စောင့်ရှောက်ပေးနေပါတယ်။

ဆုဗာနာတံတိုင်းကြီးက အရေးပေါ်တည်ဆောက်ခဲ့တာဖြစ်လို့ မြေသားတံတိုင်းပါ။ ဗုံးဒဏ်အမြောက်ဒဏ်တွေကို ကြံကြံခိုင်နိုင်ပေမဲ့ လုံးဝဖျက်ဆီးလို့မရတာတော့ မဟုတ်ပါဘူး။ ရန်သူ့အရေအတွက်က သူတို့ထက် သုံးဆနီးနီးအထိ သာလွန်လာချိန်မှာတော့ တံတိုင်းဟာ ဖိအားတွေကို စခံစားလာရပါတော့တယ်။

နယ်စားအမိန့်အတိုင်းပဲ ဆုဗာနာရဲ့တည်ဆောက်ရေးနဲ့ပြင်ဆင်ရေးတပ်ဖွဲ့က စတင်လှုပ်ရှားတယ်။ ဒီတပ်ဖွဲ့က နိုင်ငံတကာအဆင့်အတန်းနဲ့ဆိုရင်တော့ စစ်ပွဲသုံးအင်ဂျင်နီယာတပ်ဖွဲ့လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ဆုဗာနာစတိုင်အနေနဲ့ဆိုရင်တော့ သူတို့နဲ့အတူမြူတန့်ပုရွက်ဆိတ်တွေပါဝင်ပြီး ဒီပုရွက်ဆိတ်တွေက နံရံတည်ဆောက်တဲ့နေရာမှာ အထူးကျွမ်းကျင်ကြပါတယ်။ မြင်ကွင်းရှေ့မှာတင် မြူတန့်ပုရွက်ဆိတ်တွေက ရွံမြေတွေကို တူးထုတ်ပြီး လေးထောင့်မြေစေးတုံးတွေအဖြစ်ဖြတ်ယူကာ တံတိုင်းပေါက်သွား​တဲ့နေရာကို စတင်ပြေးသွားကြပါတယ်။

အဲဒီနောက်တော့ ဆုဗာနာအမြောက်တပ်ဖွဲ့က နံရံပြိုကျသွားတဲ့နေရာကနေ ထွက်လာ​နေတဲ့ အရိုးမျက်နှာတွေကို အားစိုက်ပစ်ခတ်ပြီး ရှင်းထုတ်ပစ်လိုက်ကြတယ်။ ပုရွက်ဆိတ်တွေကတော့ မြေစေးတုံးတွေကို ပျက်စီးနေတဲ့နံရံနေရာမှာ အစားထိုးယာယီတံတိုင်းဆောက်ဖို့ အမြန်​ဆုံးကြိုးစားနေတယ်။ သူတို့နဲ့အတူပါလာတဲ့ စစ်သည်တွေကတော့ အရိုးမျက်နှာတွေ ထပ်ကျူးကျော်မလာအောင် အကောင်းဆုံးပစ်ခတ်တားဆီးနေကြတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now