V7 Chapter 12

45 9 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 12 - ချိုးဖောက်ခြင်း

"အခုတလော သူပုံမှန်မဟုတ်ဘူးလို့ ငါထင်တယ်။" ဟယ်ရီက သက်ပြင်းချရင်း ပြောလိုက်တယ်။ ဖားလေးကတော့ လုံးဝနားမလည်နိုင်ဘူး။ ပြောရရင် ဖားလေးသိတဲ့ မယ်လီက အခုမယ်လီနဲ့ ဘာမှသိပ်မကွာဘူး။ အားလုံးကို ဂရုစိုက်တတ်တယ်၊ သတ္တိရှိတယ်၊ ကြင်နာတတ်တယ်။

"ဒီစီကိစ္စအပြီး နယူးယောက်ပြန်ရောက်လာတည်းက ငါသူ့ကို မသင်္ကါနေတာ။ အရေးကြီးတဲ့အချိန်တိုင်းမှာ သူအပြင်ထွက်ဖို့ ဆင်ခြေတစ်ခုခုပေးသွားတာချည်းပဲ။" ဟယ်ရီက ဒီလိုပြောလိုက်ပေမဲ့ ဖားလေးက မယုံဘူး။

"အခုကျွန်တော့်အတွက် မနက်စာဝယ်ဖို့ထွက်သွားတာကို ဌာနမှူးက ဆင်ခြေတစ်ခုလို့ ထင်နေတာလား။" ဖားလေးက ပြောလိုက်တော့ ဟယ်ရီက ပခုံးတွန့်ပြလိုက်တယ်။ "ငါက ဒီအတိုင်း ငါ့သံသယတွေကိုငါ ထုတ်ပြောရုံပါ။"

ဒါပေမဲ့ ဖားလေးက ဟယ်ရီရဲ့စကားတွေကို ဒီတိုင်းလွှတ်ထားနိုင်လောက်အောင် သည်းခံနိုင်စွမ်းရှိပုံမရဘူး။ အဲဒီအစား သူက ဟယ်ရီကို မျက်မှောင်ကြုတ်ပြီး နာကြည်းစွာကြည့်လိုက်တယ်။ သူ့လက်​သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း အေးစက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

"ခင်ဗျားဘယ်လိုစိတ်မျိုးနဲ့ အဲဒီစကားကို ပြောလိုက်တာလဲ။ ကျုပ်အခုချက်ချင်း အစ်မမယ်လီကို သွှားရှာမယ်။ သူ့ကို ဘာဂါဆိုင်မှာတွေ့တယ်ဆိုရင် ခင်ဗျားသံသယက မှားတယ်ဆိုတဲ့သက်သေပဲ။ ဒါဆိုရင် ခင်ဗျားသူ့ကို ပြန်တောင်းပန်ရမယ်။"

ဖားလေးရဲ့စကားကို ဟယ်ရီက စိတ်မဆိုးဘဲ နားထောင်နေပါတယ်။ ဖားလေးက ဟယ်ရီထက်စာရင် အတွေ့အကြုံနည်းတယ်။ ဒါပေမဲ့ ဟီးရိုးတွေလောကမှာ သစ္စာဖောက်တယ်ဆိုတာ မရှားခဲ့ဘူး။ လွန်ခဲ့တဲ့လအနည်းငယ်ကလည်း နယူးယောက်က တခြားဟီးရိုးတွေ သူတို့ကိုသစ္စာဖောက်ခဲ့လို့ ဝရမ်းပြေးသာသာ ဖြစ်ခဲ့ရပြီးပြီလေ။ လူတစ်ယောက်ရဲ့သစ္စာရှိမှုကို ရင်းနှီးမှုတစ်ခုတည်းနဲ့ ဟယ်ရီပုံအပ်ပြီး မယုံနိုင်ဘူး။

"တကယ်လို့ ငါမှန်ခဲ့ရင်ရော...." ဟယ်ရီက လက်ထဲက စီးကရက်ကို မြေပေါ်ပစ်ချလိုက်ပြီး ခြေထောက်နဲ့နင်းကာ မီးသတ်လိုက်တယ်။ နောက်တော့ ဖားလေးရဲ့မျက်လုံးတွေကို သေချာကြည့်ပြီးမေးတယ်။ ဖားလေးဆွံအသွားတယ်။ သူ့မှာအဖြေရှိမနေဘူး။ သူ့မျက်လုံးထဲကနေ မျက်ရည်စတချို့စီးကျလာနေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now