V5 Chapter 4

89 12 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 4 - ငါ့သမီးလေး သူများတွေကို ဒုက္ခပေးရအောင်သွားပြီ

နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာက ခွေးကြီးစေဘာစတိန်းကို ပြင်ပြီးသွားပြီ။ တကယ်က ထွေထွေထူးထူး ဘာမှလုပ်ခဲ့တာတော့မဟုတ်ဘူး။ Core တစ်ခုအသစ်လုပ်ပြီး ပြန်တပ်ပေးခဲ့ရုံပဲ။ ဒါပေမဲ့ အခုစေဘာစတိန်းရဲ့Coreက BH 2 ဖြစ်သွားပြီမလို့ သူလည်းအလင်းဒြပ်စင်ကိုသုံးပြီး Force Shield ထုတ်နိုင်တယ်။ ဒါက သူ့ရဲ့ဒီဇိုင်းအဆင့်မှာပဲရှိနေသေးတဲ့ ဆုဗာနာနည်းပညာချပ်ဝတ်တွေမှာသုံးမယ့် Force Shield အောင်မြင်နိုင်ခြေရှိတယ်ဆိုတဲ့ သက်သေဖြစ်တယ်။

စေဘာစတိန်းက အဲဒီစွမ်းအင်ဒိုင်းကိုသုံးပြီး သူ့ကိုယ်သူရော သူ့အနားကလူတွေကိုပါ ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ အများဆုံးမှ A rank တိုက်ခိုက်မှုကို တစ်ချက်ခုခံပေးနိုင်ရုံပဲရှိသေးတယ်။

  ပြီးတော့ မက်ဒါနာက စေဘာစတိန်းကို နောက်ထပ်ခေါင်းနှစ်ခေါင်း ထပ်တပ်ပေးထားတာမလို့ အခုခေါင်းသုံးလုံး ငရဲခွေးကြီးဖြစ်နေပြီ။ အပိုတပ်ထားတဲ့ ခေါင်းနှစ်လုံးက ဒဏ္ဍာရီထဲကနဲ့မတူဘဲ စဥ်းစားဉာဏ်မရှိဘူးဆိုပေမဲ့ အထူးလုပ်ဆောင်ချက်တွေတော့ရှိတယ်။

ဥပမာအနေနဲ့ အလင်းဒြပ်စင်တွေကိုသုံးပြီး လေဆာအလင်းတန်းသဖွယ် ပစ်ခတ်နိုင်တဲ့ Laser Brust လိုမျိုးပေါ့။ ဒီလေဆာတန်းက တင့်ကားတွေကိုတောင် ဖောက်ခွဲပစ်နိုင်လောက်တဲ့အထိ အားပြင်းပါတယ်။ အခုစေဘာစတိန်းက A rankကို တရားဝင်​ရောက်သွားပြီ။

"ကောင်းပြီ၊ ဒီလိုဆိုရင် အနည်းဆုံးတော့ ငါ့ကိုယ်ငါ ကာကွယ်နိုင်သွားပြီ။" မက်ဒါနာက စေဘာစတိန်းရဲ့ခလုတ်ကို ဖွင့်လိုက်တယ်။ BH2က အလိုလိုစွမ်းအင်ပြန်ဖြည့်နိုင်လို့ အလွန်အကျူးသုံးမပစ်မချင်း စွမ်းအင်ကုန်မယ့်ကိစ္စကို စိတ်ပူစရာမလိုဘူး။ Silverknightဝတ်စုံမှာလည်း BH2 ထည့်ခဲ့ပေမဲ့ ဝတ်စုံက နောက်ပိုင်းထပ်ဖြည့်ထားတဲ့ ဖန်ရှင်တွေကြောင့် BH2ရဲ့စွမ်းအင်ပြန်ပြည့်နိုင်စွမ်းထက် များသွားပါတယ်။

အခု​ခွေးကြီးက ဝှီးချဲနဲ့မက်ဒါနာနားမှာ ပတ်ပြေးနေပြီး ပျော်ရွှင်စွာ ဟောင်ပြနေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now