V8 Chapter 33

39 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 33 - ပညာရှင်တွေ ရူးကုန်ပြီ


 မိန့်ခွန်းပြောမယ့်အချိန် ရောက်လာပြီ။

 ဂျင်ကယ်ရီက သူ့နာရီကို ငုံကြည့်လိုက်တယ်။ သူက ဒီနေရာကို ကြိုစောရောက်နေတာ။ ဂျင်က အချိန်ကို လေးစားပြီး အမြဲတမ်းအချိန်တိကျတဲ့သူပါ။ သူ့ရဲ့ရေပန်းစားမှုကို လုယူသွားသူနှစ်ယောက်ကို သူစောင့်နေတာ။

 "ဘာမဟုတ်တဲ့ အပျော်တမ်းသမားနှစ်ယောက်က ငါ့ကိုကျော်တက်သွားရတယ်လို့။" ဂျင်ကယ်ရီက နယူးယောက်ပညာရေးဘုတ်အဖွဲ့လူကြီးအဖြစ် နှစ်ခါတိတိ တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ ဒီနယ်ပယ်နဲ့ပတ်သက်လာရင် အတော်ကျွမ်းကျင်မှုရှိပြီး လူစိမ်းဟုတ်မနေဘူး။ သူက ဖုန်းကိုထုတ်လိုက်ပြီး သူ့မန်နေဂျာပေးထားတဲ့ အချက်အလက်တွေကို ထုတ်ကြည့်ပါတယ်။အဲဒီအချက်အလက်တွေက လင်ဒါနဲ့ဖလေရာတို့ရဲ့အကြောင်းတွေပါ။

 "တစ်ယောက်က CEO လား၊ တခြားတစ်ယောက်က ရဲစခန်းမှူးပေါ့။ ရဲတွေ ဒီလောကထဲဝင်လာတာမဆန်းပေမဲ့ စီးပွားရေးသမားတွေကတော့ ဝင်လာခဲတယ်။ ဝင်လာပြီဆိုရင်လည်း ပြဿနာအကြီးအကျယ်ရှာကြတာချည်းပဲ။ လွယ်တော့မလွယ်ဘူး။" သူမှတ်ချက်ချလိုက်တယ်။

 မကြာခင်မှာပဲ မြို့တော်ဝင်ရုံးရှေ့ကို ကားတန်းနှစ်စီး စိုက်ရောက်လာတယ်။ ကားတန်းတစ်ခုက ရဲကားတွေဖြစ်ပြီး တခြားကားတန်းတစ်ခုကတော့ မာစီးဒီးကားတွေပါ။ မြို့တော်ဝန်ရုံးရှေ့က လူအုပ်က အဲဒီကားတန်းတွေကိုမြင်တာနဲ့ စပြီးလက်ခုပ်တီးကြပါတယ်။

 ပထမဆုံးအနေနဲ့ ဖလေရာက သူ့ရဲ့မာစီးဒီးခြောက်ပေါက်ကားပေါ်ကနေ ဆင်းလာတယ်။ ဖလေရာက စီးပွားရေးသမား အမျိုးသမီးတွေ ဝတ်နေကျ အဖြူခံပေါ်မှာမှ အနက်ရောင်ဘောလုံးအကွက်လေးတွေပါတဲ့ ဘလောက်အင်္ကျီနဲ့ အနက်ရောင်မီနီစကပ်ကိုဝတ်ထားပါတယ်။ အနက်ရောင် စတော့ကင်အရှည်ကိုလည်း ဝတ်ထားသေးပြီး ပေါင်တံရှည်က လူကြားထဲမှာ အထင်းသားပါ။ သူ့ကိုတော့ မက်တယ်ပလာဒင် ကုမ္ပဏီက ဝန်ထမ်းတွေက ဝန်းရံထားကြတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now