V8 Chapter 14

33 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 14 - ကျောင်းကြီးရှစ်ကျောင်း

သူတို့စစ်ဆေးရေး​ကွင်းထဲဝင်လိုက်တော့ တခြားကျောင်းတွေက ကျောင်းသားတွေအများကြီးကိုလည်း တွေ့ရတယ်။ စစ်ဆေးမှုကတော့ သာမန်ပါပဲ။ ခွန်အားနဲ့အမြန်နှုန်းကိုပဲ စမ်းသပ်တာပါ။ ဒါပေမဲ့ ထူးခြားနေတာတစ်ခုက မတူညီတဲ့အစိုးရနှစ်ခုက အလံတွေကိုသူတို့တွေ့ရတာပဲ။

"ဒီတော့ သမ္မတဝဲလ်ဆင်ဦးဆောင်တဲ့အစိုးရနဲ့ ဖက်ဒရယ်အုပ်စုတွေက ဒီပြိုင်ပွဲကို အတူကျင်းပတာမျိုးလား။" အီဗန်က အလယ်တည့်တည့်မှာရှိနေတဲ့ ပွဲကြည့်စင်ကို ကြည့်လိုက်ရင်းနဲ့ ပြောပါတယ်။ နျူရေကလည်း
ခေါင်းညိတ်လိုက်တယ်။

"ကျောင်းကြီးရှစ်ကျောင်းက လက်ရှိနှစ်​ခြမ်းကွဲနေတဲ့
တိုင်းပြည်တစ်ခုလုံးမှာ ပြန့်နှံတည်ရှိနေတာလေ။ ဒီတော့ အရင်လိုကျောင်းပေါင်းစုံပြိုင်ပွဲလုပ်ချင်တယ်ဆိုရင် အစိုးရနှစ်ခုလုံးပေါင်းပြီးလုပ်မှဖြစ်မှာ။"

နျူရေက ပြောလိုက်ရင်းနဲ့ နယူးယောက်ဟီးရိုးကျောင်းအတွက် အသင့်ပြင်ပေးထားတဲ့အတန်းမှာ ဝင်တန်းစီးပါတယ်။ ကျောင်းခွဲတွေအများကြီးရှိနေတဲ့ ​ကျန်ကျောင်းတွေနဲ့ယှဥ်ရင် သူတို့ကျောင်းသားအရေအတွက်က ရယ်စရာကောင်းလောက်အောင်နည်းပေမဲ့ အားလုံးက ပြိုင်ပွဲဝင်ဖို့အတွက် အသင့်ရှိနေကြပါတယ်။

ဂိုးလ်က ပထမဆုံး စမ်းသပ်ဒမ်မီရုပ်​ဆီကို ရောက်သွားတဲ့တစ်ယောက်ပါ။ တာဝန်ကျနေတဲ့ဟီးရိုးက သူ့ရဲ့အချက်အလက်တွေကို ကြည့်လိုက်ပြီးတော့ ဘာလုပ်ရမလဲဆိုတာ ဆက်ရှင်းပြတယ်။

"မင်းက ခွန်အားအမျိုးအစားမြူတန့်ဆိုတော့ မင်းရဲ့အစွမ်းကိုသုံးပြီး ဒမ်မီရုပ်ကို တတ်နိုင်သမျှအားပြင်းပြင်းနဲ့ထိုးပါ။"

ဂိုးလ်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ကိုအကြီးကြီး ပြောင်းလိုက်တယ်။ အဲဒီနောက် အားနဲ့ဒမ်မီရုပ်ကိုထိုးချလိုက်ပါပြီ။

ဘုန်း....

အသံကျယ်ကြီးနဲ့အတူ ဒမ်မီရုပ်က ခါယမ်းသွားတယ်။
ဒိုင်ခွက်မှာ ဂဏန်းတချို့ပေါ်လာတာကို ဟီးရိုးက ကြည့်လိုက်ပြီး ခေါင်းညိတ်ပြပါတယ်။ "မဆိုးဘူး၊ ဂိုးလ် ဂွိုင်လီ C+ အဆင့်။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now