V5 Chapter 21

74 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 21 - လူတွေလေ့ကျင့်ဖို့ အရူးအမူးဖြစ်နေကြတယ်

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖရက်က နေရာကနေ ပျောက်သွားတယ်။ အဲဒီနောက် ကြောင်ရဲ့ရှေ့မှာ ညာဝိုက်လက်သီးနဲ့အတူပေါ်လာတယ်။ သူ့လက်သီးမှာ မိုးကြိုးလျှပ်စီးစွမ်းအား အပြည့်ပါဝင်နေပြီး လေထုတောင်မှ ပုံပျက်နေတယ်။

ဒါပေမဲ့ကြောင်​က သူ့ဖဝါးကို သာသာလေးမြှောက်ပြီး တားဆီးလိုက်တယ်။

"ဟမ်... ဒီတော့ မင်းက လျှပ်စီးလှုပ်ရှားမှုပုံစံကို အောင်မြင်သွားပြီပေါ့။ ဒီအတိုင်းဆို အသံမြန်နှုန်းကို လိုက်မီသွားပြီပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူးကွ။"

ကြောင်က သူ့ဒူးကိုမြှောက်လိုက်တယ်။ ဖရက်က သူ့တံတောင်ကိုသုံးပြီး ဆရာကြောင်ရဲ့ဒူး သူ့ရင်ဝကိုလာမထိအောင် တားဆီးလိုက်တယ်။ ဒူးက ဘေးကိုချော်ထွက်သွားပေမဲ့ ကြောင်ရဲ့ညာလက်သည်းက သူ့မျက်နှာနားကနေ ဖြတ်သွားတယ်။ ဖရက် သီသီလေးရှောင်လိုက်နိုင်လို့သာ ပါးမှခြစ်ရာတစ်ခုတိုးမလာတာ။

အဲဒီနောက် ဖရက်က ညာခြေနဲ့ကြောင်ခါးကို
အခြေပျက်သွားအောင်ကန်တယ်။ ဒါပေမဲ့ ကြောင်ရဲ့ကြွက်သားတွေက ရုတ်တရက်​ထွားကြိုင်းလာပြီး ဖရက်ရဲ့မိုးကြိုးစွမ်းအားပါဝင်တဲ့ ကန်ချက်က ဘာမှအရာမရောက်တော့ဘူး။

ဒါပေမဲ့ ကန်ချက်က အားမပျော့ဘူး။ လျှပ်စီးတချို့က ကန်ချက်ကနေ လျှံထွက်သွားပြီး ဆူနာမီအကာအုတ်နံရံကို သွားမှန်တယ်။ သိပ်မကြာခင်မှာပဲ နံရံကနေ အင်္ဂတေတချို့ ကွာကျလာတယ်။ သာမန်လူတစ်ယောက်ဆိုရင် လျှံထွက်လာတဲ့လျှပ်အားတချို့နဲ့တင်တန်းသေသွားနိုင်တယ်။

"ကောင်လေး၊ ငါအတည်တိုက်ပြီနော်။" ကြောင်ရဲ့အမွှေးတွေက ထောင်လာတယ်။ မိုးကြိုးစွမ်းအားတွေက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေပြီး ဖရက်ထက် နည်းနည်းပိုမြန်သွားတယ်။ ကြောင်ရဲ့လက်သည်းချက်က ဖရက်ရဲ့ရင်ဘတ်ကို ကုပ်ဆွဲဖို့ အားပြင်းတဲ့အရှိန်နဲ့ ဝင်ရောက်လာတယ်။

ဖရက်က နောက်ကိုဆုတ်လိုက်ပြီး ကိုယ်ကိုတစ်စောင်းအနေအထားထားလိုက်တယ်။ အဲဒီနောက် သူ့ညာတံတောင်ကိုမြှောက်ပြီး လက်သည်းတွေကို ပုတ်ထုတ်တယ်။ ဒါပေမဲ့ ဖရက်က ခုခံကာကွယ်ရုံတင် အားမရသေးဘဲ ဘယ်လက်သီးကိုဆုပ်ကာ ကြောင်ရဲ့မျက်နှာကို ထိုးချဖို့ကြိုးစားတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now