V9 Chapter 26

24 2 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 26 – Viper One


 လေဆိပ်ကနေပြီး ဖရာလီတာရဲ့ကားပေါ်တက် ယာဥ်ကြောကြပ်တဲ့ နယူးယောက်လမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ မြို့စွန်က နယူးယောက်ဟီးရိုးကျောင်းကို မက်ဒါနာတို့ရောက်လာကြပြီ။ မက်ဒါနာက ကားပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ ဂိမ်းဆော့နေပြီးတော့ လုံခြုံရေးကိုဂရုမစိုက်တဲ့ ပိုးဟပ်သုံးကောင်ကိုမြင်ပြီး ဒေါသထွက်သွားတယ်။

 "ဒီအသုံးမကျတဲ့ကောင်တွေကိုမှ ကျောင်းလုံခြုံရေးအဖြစ် ငါငှားထားမိတာလား။" မက်ဒါနာက ဒီလိုပြောလိုက်တော့ ကင်းတဲရှေ့မှာထိုင်နေတဲ့ မက်၊ လယ်ရီ၊ မိုးတို့က လက်ထဲက ဖုန်းကိုချပြီး မက်ဒါနာကိုအလေးပြုကြတယ်။

 "မင်္ဂလာပါကျောင်းအုပ်၊ နယူးယောက်ကျောင်းကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။"

 မက်ဒါနာက ဒီတော့မှ သူတို့ဆီကနေ ထွက်ပေါ်လာနေတဲ့ အရှိန်အဝါတစ်ခုကို သတိထားမိသွားတယ်။ ဒီသုံးယောက်က လူယောင်ဆောင်ပြီးနေကြတာဆိုပေမဲ့ သူတို့ဆီကနေထွက်ပေါိလာတဲ့ အရှိန်အဝါတွေက အတော်လေးသန်မာပါတယ်။

 "ငါပဲအထင်မှားတာလားမသိပေမဲ့ ဒီကောင်တွေဆီကနေ A+ rank တွေမှာရှိသင့်တဲ့ ဖိအားမျိုးကိုရနေသလိုပဲ။" မက်ဒါနာက မေးပေါ်ကို လက်ညိုးတစ်ချောင်းတင်ရင်း သူတို့သုံးယောက်ကို ကြည့်လိုက်တော့ သူတို့သုံးယောက်က နောက်ကိုအသာလေးဆုတ်သွားကြတယ်။

 ဖရာလီတာက ခေါင်းညိတ်လိုက်ပြီးတော့ပြောတယ်။

"ဒီသုံးကောင်ကို ဆိုဖီယာက ပြန်ရောက်လာတိုင်း ကွင်းထဲမှာပိတ်ပြီးတော့ရိုက်နေတာလေ။ ဘာကြောင့်မှန်းမသိပေမဲ့ အရိုက်ခံရပြီးတိုင်း အဆင့်တက်လာကြတာ အခုဆိုရင် S rank ဖြစ်ဖို့သိပ်မလိုတော့ဘူး။ သူတို့ပေါင်းတိုက်ရင် ပိုးကောင်မျိုးကွဲခေါင်းဆောင်တစ်ယောက်ကိုတောင် အနိုင်ယူနိုင်လိမ့်မယ်ထင်တယ်။"

 မက်ဒါနာလည်း ပြန်စဥ်းစားလိုက်တယ်။ ဒီပိုးကောင်တွေက ကမ္ဘာမြေကို အစောဆုံးရောက်လာတဲ့ ပိုးကောင်အင်ပါယာမျိုးစိတ်ဝင်တွေပါ။ ဝရမ်းပြေးဖြစ်လာကြပေမဲ့ သူတို့က အတော်လေးအားနည်းတဲ့အထဲမှာပါကြတယ်။ ဂလင်းအမြောက်စွမ်းအားက အတော်လေးကြီးမားပြီး အသေသတ်ဖို့ခက်ကြပေမဲ့ သာမန်ပိုးကောင်တွေရဲ့အထက်နဲ့မျိုးကွဲခေါင်းဆောင်တွေရဲ့အောက်မှာပဲရှိတာကြောင့် အယ်ဖာအဆင့်ဖြစ်တဲ့ ဆိုဖီယာက သူတို့ကိုဘဏ္ဍာစိုးအလုပ်ကလွဲလို့ တခြားဘာကိစ္စမှမခိုင်းခဲ့တဲ့ပုံပဲ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now