V9 Chapter 28

22 0 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 28 - အသက်ဆက်ရှင်ပါ


 နာရီပိုင်းလောက်ကြာတော့ ဖရာလီတာပြန်လာပါပြီ။သူ့လက်ထဲမှာတော့ အပြာရောင်ဆေးရည်ပုလင်းငယ်လေးတစ်ခုကို သေချာကိုင်လာတယ်။ သူက မက်ဒါနာတို့နဲ့အတူ ဖရန့်ရှိနေတဲ့အခန်းထဲ လိုက်ဝင်ပြီးတော့ ပြောလိုက်ပါတယ်။


 "အသက်ဆက်ဆေးရည်ကတော့ အသင့်ဖြစ်သွားပြီ။အလုပ်ဖြစ်မဖြစ် စမ်းကြည့်မှပဲသိမှာ။" ဒီဆေးရည်က နဂါးပြာကိုပိုင်ဆိုင်ခဲ့တဲ့ ပန်ဒရာဂွန်မိသားစုကျမ်းစာထဲမှာ ပါဝင်တဲ့အရာတစ်ခုဆိုပေမဲ့ ဖရန့်ရဲ့အခြေအနေကို ဖြေရှင်းနိုင်မနိုင်ဆိုတာတော့ မသေချာပါဘူး။


 မက်ဒါနာလည်း ဖရာလီတာကို ခေါင်းညိတ်ပြလိုက်တယ်။ ကြည့်ကြသေးတာပေါ့ ဆိုတဲ့သဘောပါ။ လင်ဒါကတော့ အားအလွန်နည်းနေတဲ့ ပန်းသီးလေးကိုပဲ စိုက်ကြည့်နေပါတယ်။ အေမီကတော့ မက်ဒါနာရဲ့နောက်မှာရပ်နေပြီး လီဆာက ပန်းသီးလေးလက်ကိုကိုင်ကာ နှစ်သိမ့်ပေးနေပါတယ်။


 "အားလုံး အဆင်ပြေသွားမှာပါ၊ ငါတို့ဒီအထိရောက်လာကြပြီပဲဥစ္စာ။" လီဆာက ပန်းသီးလေးကို ပြောလိုက်တယ်။ ပန်းသီးလေးရဲ့ပင်ပန်းနေတဲ့ မျက်ဝန်းတွေထဲမှာ စိုးရိမ်မှုအရိပ်အယောင်တွေကို မြင်နေရတုန်းပဲ။ ဒါပေမဲ့ အခုလောလောဆယ် သူတို့လုပ်နိုင်တာတွေအကုန်လုံးကို လုပ်ခဲ့ပြီးပါပြီ။ ရလဒ်ကို စောင့်ကြည့်နေဖို့ပဲ လိုတော့တာပါ။


 ဖရာလီတာကတော့ ကျန်တဲ့သူတွေကို စောင့်မနေတော့ဘဲ ဖန်ပုလင်းရဲထိပ်ကို ဖြတ်လိုက်တယ်။ အဲဒီနောက်တော့ ဖရန့်ရဲ့ပါးစပ်ကို လက်နဲ့ဖိဟလိုက်ပြီး ဆေးရည်ကို တစ်စက်ချင်းစီ ထည့်သွင်းပေးလိုက်ပါတယ်။ ဆေးရည်တစ်စက်ချင်းဆီကနေ ထွက်ပေါ်နေတဲ့ အသက်ဓာတ်က အတော်ပြင်းထန်ပါတယ်။


 မကြာခင်ပဲ ဖရက်ရဲ့ခန္ဓာကိုယ်က အဆိပ်လက္ခဏာတွေ စတင်ပြေလျော့လာတယ်။ နားထင်သွေးကြောမှာခဲနေတဲ့ ပြာနှမ်းနှမ်းအဆိပ်တွေရှိမနေတော့ဘူး။ အသားအရေက ပုံမှန်ပြန်ဖြစ်လာတဲ့အပြင် ပိုပြီးတော့ ချောမွေ့လာပါတယ်။ ဒါပေမဲ့ အတော်ကြာတဲ့အထိ ဖရန့်သတိပြန်လည်မလာသေးပါဘူး။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now