V8 Bonus Chapter

57 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Bonus Chapter - ငွေရောင်မင်းသမီးလေး

[မှတ်စု - Volume 8 မထွက်ခင် အကြိုအနေနဲ့ ရေးပေးတာပါ။]

"ဒီပန်းခြံမှာ လူတွေအများကြီး ရှိနေလိမ့်မယ်လို့ တကယ်ထင်မထားမိဘူးပဲ။ ရိုးရိုးနှစ်ပတ်လည် ပွဲတော်ပဲမဟုတ်ဘူးလား။"

သာမန်ဝတ်စုံလေးဝတ်ထားတဲ့ မက်ဒါနာက အေမီနဲ့အတူ ပွဲကျင်းပနေတဲ့ ပန်းခြံလေးတစ်ခုထဲ ဝင်လိုက်ကြတယ်။ ပန်းခြံအဝင်ဝက ဆိုင်းဘုတ်ကိုကြည့်လိုက်တော့
ဗစ်တိုးရီးယားပန်းခြံ နှစ်နှစ်ရာတစ်နှစ်ပြည့် ပွဲတော်ဖြစ်နေတာ တွေ့လိုက်ရတယ်။ အေမီကတော့ လူတွေပြည့်ကျပ်နေတာကြောင့် လမ်းလျှောက်ရအဆင်ပြေစေဖို့ သခင်မလေးရဲ့ရှေ့ကနေ လမ်းရှင်းပေးနေရင်းကနေ ပန်းခြံရဲ့အကြောင်းကို ရှင်းပြနေလေရဲ့။

"ဗစ်တိုးရီးယားပန်းခြံကို ၁၈၄၂ ခုနစ်မှာ တည်ဆောက်ခဲ့တာပါ သခင်မလေး။ လန်ဒန်မြို့အရှေ့ဘက်မှာ အကြီးဆုံးဖြစ်ပြီး ၂၁၃ ဧကကျယ်ပါတယ်။ အဓိကရေကန်သုံးခုနဲ့ တရုတ်ဘုံကျောင်းလည်းတစ်ခုလည်း ပါပါသေးတယ်။"

သူတို့လမ်းအတိုင်းတည့်တည့်သွားနေရင်းကနေ ပန်းခြံအဝင်ဝရှေ့ဆုံးက ပထမဆုံးအဆောက်အဦးဖြစ်တဲ့ သောက်ရေပန်းကို အရင်ဆုံးစမြင်ရတယ်။ ဒါပေမဲ့ လူတွေနဲ့ပြည့်ကျပ်နေတာကြောင့် မက်ဒါနာက အခုလိုပြောလိုက်ပါတယ်။

"မွန်းကျပ်လိုက်တာ။ အေမီရေ၊ နည်းနည်းလူရှင်းတဲ့ တစ်နေရာရာဆီ ခေါ်သွားပေးပါလား။" မက်ဒါနာဆီကနေ တောင်းဆိုတဲ့စကားသံကိုကြားရတော့ ချစ်စရာ အိမ်စေဝတ်စုံလေးဝတ်ထားတဲ့ အေမီက လှည့်ကြည့်ပြီး ပြုံးပြတယ်။ နောက်တော့ ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကလေးကို မက်ဒါနာဆီ နန်းဆန်ဆန် ကမ်းပေးလိုက်တယ်။ မက်ဒါနာက အေမီရဲ့လက်ကို ဖမ်းဆုပ်လိုက်ပြီး လူအုပ်ကြားထဲမှာ လူစုမကွဲအောင်လို့ အတူဆက်သွားကြတယ်။

ပန်းခြံရဲ့ပထမဆုံးလမ်းဆုံကိုရောက်တော့ လူတွေအများကြီး စုနေတဲ့နေရာတစ်ခုကို ဖြတ်ရတယ်။ အတွင်းထဲကို မမြင်နိုင်လောက်အောင်ဖြစ်နေပေမဲ့ အတော်လေးနားထောင်ကောင်းတဲ့ ရော့ခ်သီချင်းသံကို ကြားနေရတယ်။ အေမီကတော့ မက်ဒါနာနားလည်စေဖို့ အခုလိုရှင်းပြလာပါတော့တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now