V8 Chapter 11

40 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 11 - မဖြစ်နိုင်တဲ့ စစ်ဆင်ရေး

ရေဂင်ထွက်သွားပြီးနောက် လီဆာက မြေပြင်ကနေ ခက်ခက်ခဲခဲထလိုက်တယ်။ သူ့ခေါင်းထဲ မကြည်ဘူး။ မြင်ကွင်းတွေက ချာချာလည်နေပြီး ခြေလှမ်းတွေက ဒယိမ်းဒယိုင်ဖြစ်နေပေမဲ့ စိတ်ကိုအားတင်းပြီး မက်ဒါနာတို့ရှိရာဘက်ကို ပြေးသွားလိုက်တယ်။

"မေမေမက်ဒါနာ၊ မေမေလင်ဒါ။ သမီးတို့နိုင်သွားပြီလား။"

ဖီးနစ်ရဲ့ပုံရိပ်ကိုတွေ့တော့ လီဆာက အဲဒီကိုတည့်တည့်ပြေးသွားခဲ့ပေမဲ့ လမ်းတစ်ဝက်အရောက်မှာပဲ သူ့မျက်နှာပေါ်ကအပြုံး အငွေ့ပျံပျောက်ကွယ်သွားလေရဲ့။

"မေမေလင်ဒါ။" လင်ဒါက ဖီးနစ်စစ်သည်ရဲ့လက်ထဲမှာ ရှိနေပြီးတော့ မျက်လုံးတွေက ဒီအတိုင်းပွင့်နေတယ်။ တစ်စုံတစ်ခုကို အထိတ်တလန့်နဲ့ကြည့်နေခဲ့ပုံပေါ်ပေမဲ့ အခုတော့ ဘာမှမြင်ရတော့ပုံမပေါ်ဘူး။ ဖီးနစ်က လင်ဒါရဲ့မျက်လုံးတွေကို လက်နဲ့အသာအယာပိတ်ပေးလိုက်တယ်။

"ဒီမှာဘာဖြစ်သွားတာလဲ။" လီဆာက လင်ဒါဆီကို ပြေးသွားလိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်တယ်။ အဲဒီနောက် တခြားသူတွေကို ကြည့်လိုက်ပြီး
မေးလိုက်ပေမဲ့ အကုန်လုံးက မဖြေဘဲကြည့်နေကြတယ်။

ပတ်ပြေးနေခဲ့တဲ့ ဆိုဖီယာလည်း အနားရောက်လာပြီဖြစ်ပြီး မြင်ကွင်းကို မယုံနိုင်စွာနဲ့ကြည့်နေတယ်။ ဖလေရာကတော့ သူ့ပါးစပ်ကိုလက်နဲ့အုပ်ထားရင်း ဟန်မဆောင်နိုင်လောက်အောင် ငိုကြွေးနေပါတယ်။
ကြောင်နက်ကတော့ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီဖြစ်ပြီး ခါးရိုးကျိုးနေတဲ့ဖရက်ကို သစ်ပင်ပင်စည်ထဲက
ပြန်ဆွဲထုတ်လာတယ်။ လီဆာက တစ်ယောက်တည်းသော တည်တည်ငြိမ်ငြိမ်ရှိနေသူဖြစ်တဲ့ ဖရာလီတာကို ကြည့်လိုက်ပြီး မေးလိုက်ပါပြီ။

"ဖရာလီတာ၊ နင်ငါ့ကို ပြောစမ်းပါ။"

"လင်ဒါက မက်ဒါနာကို ကယ်ဖို့အတွက်နဲ့ ဒီလိုဖြစ်သွားတာပဲ။"

ထပ်ရှင်းပြဖို့ မလိုတော့ဘူး။ လီဆာရဲ့အကြည့်တွေက အရိုင်းဆန်သွားပြီး ဖီးနစ်စစ်သည်တော်ကို လုံးဝ မုန်းတီးနေတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ အဲဒီနောက် သွားကြားထဲကနေ ထွက်လာတဲ့လေသံနဲ့ပြောလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now