V7 Bonus Chapter

50 11 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံ
V7 Bonus Chapter - [ငါက ထည့်ချင်ပေမဲ့ ဇာတ်လမ်းနဲ့မဆိုင်ဘူးဖြစ်နေတယ်။]

အသားညိုညိုနှင့်အိမ်စေမလေးက ပန်းရောင်အရည်ကြည်များပါသည့် ဖန်ကျည်တောက်ကလေးတစ်ခုကို စမ်းသပ်ခန်း ဓာတုဗေဒဓာတ်ပြုစင်မှနေ၍ ဖြုတ်ယူလာပြီး ဒေါက်တာဝတ်စုံဝတ်ထားသည့် ကောင်လေးတစ်ယောက်ဆီ ကမ်းပေးလိုက်သည်။

"ဂုဏ်ယူပါတယ် သခင်​လေးရှင့်။ သက်ရောက်မှုပြင်းထန်တဲ့ မိန်းကလေးပြောင်းဆေးရည်ကို တီထွင်လိုက်နိုင်ပါပြီ။"

ကောင်လေးက ဆေးရည်ပုလင်းကို လက်ထဲကိုင်ကြည့်ရင်း လှုပ်ခါကြည့်လိုက်၏။ "ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား။"

အိမ်စေမလေးက စမ်းသပ်ခန်းထဲမှ ယုန်များကို လက်ဖြင့်ညွန်ပြလိုက်ရင်း "သခင်လေးရှင့်၊ အဆင့် ၂ တိရိစ္ဆာန်တွေအပေါ် စမ်းသပ်မှုကတော့ လုံးဝအောင်မြင်ပါတယ်။ အဆင့် ၃ ပရိုင်းမိတ် ဆေပီယန်တွေအပေါ် စမ်းသပ်ကြည့်ဖို့ပဲ လိုတော့တာပဲ။"

"ကောင်းပြီလေ၊ ဒါဆိုလည်း ဆန်းကြည့်တာပေါ့။"
ကောင်လေးက ပြောပြောဆိုဆိုနှင့် ဆေးပုလင်းအဖုံးကို ပွင့်လိုက်ပြီး တစ်ခါတည်း သောက်ချလိုက်၏။ အိမ်စေမလေးက စိုးရိမ်နေပြီး တားဆီးရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားလေပြီ။

အိမ်စေမလေး၏မျက်စိရှေ့မှာတင် ကောင်လေးခန္ဓာကိုယ်က ကျုံဝင်သွားပြီး ဆံပင်နည်းနည်းရှည်လာသည်။ ရင်ဘတ်တွင် မက်မွန်သီးလေးနှစ်ခု ​ဖူးထွက်လာကာ အာဒံ၏ပန်းသီးလေးလည်း ပျောက်ကွယ်သွား၏။ ကောင်လေး (ကောင်မလေး)က မှန်တစ်ချပ်ကို ထုတ်ကြည့်ပြီး သူ့ကိုယ်သူ ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်သည်။

"မှားစရာမရှိဘူး၊ ငါမိန်းကလေးဖြစ်သွားတာ ကျိန်း​သေသွားပြီ။ ဒီလိုအချိန်မှာ ဘာပြောသင့်လဲ။"

ကောင်မလေး၏ဦးနောက်ထဲတွင် အကြံဉာဏ်ဆိုးများဖြင့် ပြည့်နှက်လာပြီး ရုတ်တရက် မျက်နှာထားက လေးနက်သွားကာ ဂန္တဝင်တွင်မည့် စကားတစ်ခွန်းကို ပြောလိုက်လေ၏။

"ငါ မိန်းကလေးဖြစ်လာခဲ့ပြီ၊ လောကမှ ယောက်ျားသားအားလုံးမျိုးတုန်းအောင် ဖျက်ဆီးမည့်သူဖြစ်ပေသည်။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now