V8 Chapter 35

43 4 0
                                    

(ပုံ - Yamaguchi Usagi by Soko)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ပုံ - Yamaguchi Usagi by Soko)

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 35 - အရံအစီအစဥ်

 နောက်ရက်ကတော့ ပုံမှန်နေ့လေးတစ်ခုလို့ ပြောနိုင်တယ်။ ကျောင်းဖွင့်ချိန်ရောက်ဖို့ လအနည်းငယ်လိုသေးတာကြောင့် ကျောင်းမှာ ကျောင်းသားတွေမရှိကြဘူး။ အဆောင်လာနေတဲ့ ကျောင်းသားတွေဖြစ်တဲ့ မိရိုင်တောင်မှ ကိုင်းတိုနဲ့အတူဂျပန်ပြန်လိုက်သွားပြီ။ ဟိုကောင်မလေး လီနာတောင်မှ မိရိုင်နဲ့ပါသွားတယ်။

 မက်ဒါနာကတော့ မနက်ပိုင်းကင်းလှည့်ပြီး ပြန်လာတယ်။ ပြန်ရောက်တာနဲ့ တခြားကောင်မလေးတွေနဲ့အတူ ရုပ်ရှင်ကြည့်လိုက်၊ စားလိုက်သောက်လိုက်ပဲ။ ကင်းလှည့်ရမယ့် နယ်မြေကျယ်လာလို့ နည်းနည်းပင်ပန်းရုံပဲရှိတာ။

 "မမလေး၊ မမလေး။ အရေးကြီးကိစ္စပေါ်လာပြီ။" မက်ဒါနာတစ်ယောက် ဖရာလီတာနဲ့ဆိုဖီယာကို ပေါင်ပေါ်တင်ပြီး ရုပ်ရှင်ကြည့်နေတုန်း အခန်းထဲကို အေမီဝင်လာတယ်။ အေမီကြည့်ရတာ ထိပ်ထိပ်ပျာပျာဖြစ်နေသလိုပဲ။ အရင်တုန်းကလို အသုံးမကျတဲ့ အိမ်စေမလေးမဟုတ်တော့ပေမဲ့ အခုလိုကျတော့ ဟိုးအရင်က ပုံစံအတိုင်းပဲ။

 "အေမီ၊ နင့်နောက်ကနေ ကျားလိုက်လာလို့လား။ စိတ်အေးအေးထားပြီး ငါတို့ကိုရှင်းပြလို့ရတာပဲဥစ္စာ။"

 ဒီတော့မှ အေမီက လေပူတွေကို မှုတ်ထုတ်လိုက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ စရှင်းပြပါတယ်။ "ခုလေးတင် ကျောင်းကိုဖုန်းဝင်လာပါတယ်၊ မမလေး။ ဖရန့်ရဲ့အခြေအနေထဖောက်နေလို့ ဆေးရုံကလှမ်းပြီးဆက်သွယ်တာပါ။"

 "ဖရန့်လား၊ ဟုတ်သားပဲ။ သူဆေးရုံတက်နေရတာကို ငါမေ့နေတာပဲ။" ဒီတော့မှ မက်ဒါနာလည်း ဖရာလီတာနဲ့ဆိုဖီယာကို ပေါင်ပေါ်ကနေ တွန်းချလိုက်ပြီး ထရပ်လိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now