V7 Chapter 21

62 8 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 21 - တို့နှစ်ယောက်ရဲ့ည

တနင်္ဂနွေနေ့။

လူတိုင်းမျှော်နေ့ကြတဲ့ အလုပ်ပိတ်ရက်လေးပေါ့။
အိပ်နေရာကနေ မက်ဒါနာမျက်လုံးဖွင့်လိုက်တယ်။ ဒီနေ့က ပိတ်ရက်မလို့ အေမီက မနက်စောစောလာမနှိုးပေမဲ့ နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီထိုးဖို့ ခုနစ်မိနစ်လိုသေးတယ်။ မက်ဒါနာ အလိုလိုနေရင်း ပြုံးလိုက်မိပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့အရာတွေကို သူမယုံနိုင်သေးဘူး။ ရဲရင့်တဲ့မိန်းကလေး လင်ဒါက သူ့ရှေ့ကိုရောက်လာပြီး ကယ်တင်ရှင်တစ်ယောက်လိုမျိုး သူ့ကိုအရှုပ်ထုတ်ထဲကနေ ဆွဲထုတ်ပေးခဲ့တယ်။ အခုထိအဲဒီအခိုက်အတန့်ကိုစဥ်းစားမိတိုင်း သူရင်ခုန်နေတုန်းပဲ။

သူအိပ်ရာပေါ်ကနေ ထပြီး ညအိပ်ဝတ်တွေကို ချွတ်ပစ်လိုက်တယ်။ နောက်တော့ အကူအရိုးတွေကိုတပ်လိုက်ပြီး ကိုယ်တိုင်အိပ်ရာပေါ်ကနေထရင်း ကိုယ်လက်သန့်ရှင်းရေးစလုပ်တယ်။ အိမ်စေမလေးအေမီက မက်ဒါနာရဲ့အဆောင်ခန်းထဲဝင်လာတော့ သခင်မလေး အစောကြီးနိုးနေတဲ့အတွက် အံ့ဩသွား​ပုံပဲ။ ဒါပေမဲ့ ကျင့်သားရနေပြီဖြစ်တဲ့ပုံစံအတိုင်းမှာ ဂါဝန်စလေးကိုမြှောက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်တယ်။

"မင်္ဂလာပါ မမလေးရှင့်၊ ဒီနေ့အစောကြီးနိုးနေပါလား။" အေမီက စိတ်ထဲရှိတဲ့အတိုင်း 'ခါတိုင်းပိတ်ရက်တွေဆို နေဖင်ထိုးအောင်အိပ်တာပါ။'လို့ ပြောလိုက်ချင်ပေမဲ့ အတိတ်မေ့နေတုန်းက အိမ်စေအစစ်တစ်ယောက်ပြုမူကျင့်ကြံပုံအတိုင်း ကျင့်ကြံခဲ့မိတဲ့အတွက် အေမီက သူ့ရဲ့ပါးစပ်ကလေးကို လက်ဝါးလေးနဲ့အုပ်ပြီး စကားကိုလက်စသတ်လိုက်တယ်။

မက်ဒါနာကတော့ အေမီရှေ့ကိုရောက်လာပြီး အေမီရဲ့ပါးလေးကို ဖျစ်ဆွဲလိုက်တယ်။ "မင်္ဂလာနံနက်ခင်း၊ အေမီရေ။ဒီနေ့ငါ့ကို လှလှလေးဖြစ်အောင်ဆင်ပေး။"

သခင်မလေးရဲ့ပုံမှန်မဟုတ်တဲ့ တောင်းဆိုမှုကိုကြားပေမဲ့ အေမီက အသက်ရှုနှစ်ရှိုက်အတွင်းမှာပဲ ပုံမှန်ဖြစ်သွားပြီး မခို့တရို့လေးပြုံးလိုက်ပါတယ်။ နောက်တော့ လေသံနိမ့်နိမ့်လေးနဲ့ပြောလိုက်လေရဲ့။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now