V7 Chapter 26

57 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 26 - အမဲလိုက်မြို့လေး

နောက်ထပ်ငါးမိနစ်လောက်ကြာတော့ ရဲတွေဆိုင်ကိုရောက်လာပြီး အုပ်စုဖွဲ့မိုက်တဲ့ စပိတ်ဂိုဏ်းသားတွေ ဖမ်းသွားတယ်။ ဘရီစာတို့အုပ်စုကြောင့်သာမဟုတ်ရင် ပန်ဆာဗေးနီးယားဟီးရိုးအေဂျင်စီနဲ့ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းနိုင်မှာမဟုတ်ပါဘူး။ သာမန်နယ်​​မြေခံဟီးရိုးတွေအတွက် ဒီအဆင့်လူမိုက်တွေက နှစ်နဲ့ချီပြီး
ဖြေရှင်းရတာမျိုးပါ။

"တို့လည်းပိုက်ဆံမရှင်းရသေးဘူးဆိုတော့ အထဲပြန်ဝင်ကြတာပေါ့။" ဘရီစာက ကျောင်းသားတွေကို ပြောလိုက်တယ်။

တစ်ဖက်မှာတော့ မက်ဒါနာက ဘရီစာကို ပြန်ဝင်လာတော့မှာမတွေ့တာနဲ့ အခုထိဗိုက်ကိုနှိပ်နေရတဲ့ တင်မီ့လက်ကိုဆွဲ၊ ကျသင့်ငွေကို စားပွဲပေါ်တင်ပေးပြီး ဆိုင်ထဲကနေ ပြေးထွက်သွားပါတယ်။ ရုတ်တရက်ကြီးမလို့ ဆိုင်ထဲပြန်ဝင်ဖို့လုပ်နေတဲ့ ကျောင်းတွေတောင် အံ့ဩသွားပါတယ်။

အီဗန်က ပြောလိုက်ပါတယ်။ "သူတို့တစ်ခုခုကြောင့် ထွက်ပြေးနေတာလို့ ငါဘာလို့ခံစားနေရပါလိမ့်။"

နျူရေကတော့ အီဗန့်ခေါင်းကိုခေါက်လိုက်ပြီး ပြောပါတယ်။ "နင်လုပ်လိုက်လို့ လန့်သွားတာဖြစ်မှာပေါ့ဟဲ့၊ ဟိုမှာကြည့်ဦး နင့်ကြောင့် မှန်တစ်ချပ်အက်သွားသေးတယ်။" အီဗန်လည်း နျူရေလက်ညိုးညွန်ရာကိုကြည့်လိုက်တော့ တကယ်ပဲ ပြတင်းပေါက်မှန်တစ်ခု အက်နေတာမြင်လိုက်ရပြီး စိုးရိမ်တကြီးဖြစ်သွားလေရဲ့။

"ငါတော့ပြည်သူပိုင်ပစ္စည်းဖျက်ဆီးပစ်မိပြန်ပြီ။"

ဒါပေမဲ့ ဘရီစာကတော့ သူ့တပည့်နှစ်ယောက်ကို ပခုံးပုတ်လိုက်ပြီး မစိုးရိမ်ဖို့ ပြောလိုက်ပါတယ်။ "ဒီလောက်က ကိစ္စမရှိပါဘူး၊ အခုတိုက်ပွဲအဆင့်မျိုးက ပြင်းထန်တာမလို့ ထိခိုက်မှုမရှိအောင်လုပ်ဖို့ မဖြစ်နိုင်သလောက်ပဲလေ။ ပြီးမှ တို့တွေဆိုင်ရှင်ကို သေချာတောင်းပန်ကြတာပေါ့။"

"ဟုတ်..." တပည့်တွေလည်း ခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲကို ဝင်ကြတယ်။ ဂရေဟမ်က နောက်ဆုံးမှ ဝင်တဲ့သူဖြစ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပါတယ်။ သူက ဗျူဟာကျွမ်းကျင်သူဖြစ်ပေမဲ့ တခြားသူတွေလိုမျိုး ရန်သူတွေအများကြီးကို အနိုင်မယူနိုင်ခဲ့ပါဘူး။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now