V6 Chapter 25

57 10 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 25 - ဆရာသစ်ခန့်အပ်ပွဲ (၂)

"ပထမစစ်မေးမှု ဒီမှာတင်ပြီးပါပြီ။ ကျရှူံးသူတွေအားလုံးကို ကျွန်မတို့ကျောင်းကနေ တာဝန်ယူပြီး ကုသပေးမှာဖြစ်ပါတယ်။"

မက်ဒါနာက အချက်ပြလိုက်တာနဲ့ ဆရာမဟဲရိုးက အခုလိုမျိုးပြောလိုက်ပြီး လက်ခုပ်တီးလိုက်တယ်။ မကြာခင်မှာပဲ ယာယီငှားထားတဲ့ ဝန်ထမ်းတချို့ လူနာတင်ကပ်ပြားတွေနဲ့အတူ ဝင်လာပြီးတော့ လဲကျနေတဲ့ အလုပ်လျှောက်သူတွေကို သယ်ထုတ်သွားတော့တယ်။ တကယ်တော့ ဒီဝန်ထမ်းတွေကို မက်ဒါနာက ယာယီပဲငှားထားတာဖြစ်ပေမဲ့ ဖ​လေရာရဲ့အလှူငွေတွေကြောင့်သာ ဒီလိုလုပ်နိုင်တာဖြစ်ပါတယ်။ ပြီးတော့ တစ်ယောက်ချင်းစီအတွက် ဆေးရုံမှာ ကုသစရိတ်ပေးရဦးမယ်။

မက်ဒါနာက ခေါင်းညိတ်ပြီး အောင်မြင်တဲ့သူသုံးယောက်ကို ကြည့်ကာပြောလိုက်တယ်။ "ထင်ထားတာထက် နည်းနည်းတော့များသားပါ။ နောက်ထပ်စစ်ဆေးမှုကို နောက်နှစ်နာရီနေမှစမယ်။ ရှင်တို့လေးယောက် ကျောင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်။"

အောင်မြင်တဲ့ လူလေးယောက်က နားချိန်ပေးမယ်ပြောမှ သက်ပြင်းချလိုက်ကြတယ်။ အထူးသဖြင့် ဘရီစာနဲ့ကုသခြင်းစွမ်းအားပိုင်ဆိုင်တဲ့ မိန်းကလေးတို့ရဲ့မျက်နှာပေါ်က သက်သာရာရတဲ့အမူအရာကို မက်ဒါနာမြင်နေရတယ်။

အလုပ်လာလျှောက်သူတွေက မက်ဒါနာတို့အုပ်စုကို ဦးညွှတ်လိုက်ပြီး တိုက်ပွဲကွင်းပြင်ကနေ ထွက်ခွာဖို့ပြင်ဆင်တယ်။ ထိပ်ပြောင်ကြီးကတော့ အတက်ကြွဆုံးပဲ။ ဒါပေမဲ့ သူတို့အားလုံး အခန်းထဲက မထွက်ခင်မှာပဲ မက်ဒါနာက ထပ်ပြောလိုက်တယ်။

"ခဏနေကြပါဦး..."

သူတို့လေးယောက်လုံး ရပ်လိုက်ပြီး မက်ဒါနာကို ပြန်လှည့်ကြည့်တယ်။ သူတို့အကြည့်တွေမှာတော့ နားမလည်နိုင်ခြင်းများစွာနဲ့ပါ။ မက်ဒါနာက သူတို့အားလုံးကို အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းပြုံးပြရင်း ပြောလိုက်ပါတယ်။

"တို့ရဲ့ကျောင်းက အရည်အချင်းရှိတဲ့ ရှင်တို့လေးယောက်လုံးကို လက်ခံလိုပေမဲ့ ဘားဂျက်အခြေအနေကြောင့် တစ်ယောက်လောက်ပဲ ခန့်နိုင်မှာဆိုတော့ ရွေးရခက်နေတယ်လေ။ ဘယ်သူက ကျောင်းဆရာလုပ်ဖို့ ပိုသင့်တော်မလဲ ရှင်တို့ဘာသာ ဆုံးဖြတ်ကြည့်ကြပါလား။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now