V7 Chapter 43

53 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 43 - ဆက်ခံခြင်း

လန်ဒန်မြို့တိုက်ပွဲပြီးတဲ့နောက်မှာ လောကကြီးတစ်ခုလုံး ငြိမ်ကျသွားတယ်။ ကမ္ဘာ့အင်အားအကြီးဆုံး မဟာမိတ်ရဲ့ခေါင်းဆောင်နိုင်ငံတောင်မှ တိုက်ခိုက်ခံရပါလားဆိုတဲ့အတွေးက ကမ္ဘာမှာရှိသမျှ လူသားတွေအားလုံးရဲ့အတွေးကို ဖိနှိပ်ထားတယ်။ မက်ဒါနာနဲ့ဟီးရိုးတွေ အကောင်းဆုံးကြိုးစားခဲ့တာတောင်မှ လန်ဒန်မှာ လူနှစ်ထောင်ကျော်နဲ့ ရဲဝန်ထမ်းသုံးရာ သေဆုံးသွားခဲ့သေးတယ်။ အများစုက လေဆိပ်မှာသေဆုံးခဲ့တာပါ။

တံတိုင်းပြိုကျသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ လူပြောများပေမဲ့ မကောင်းတဲ့သက်ရောက်မှုမျိုးနဲ့တော့မဟုတ်ဘူး။ အဲဒီအစား သူတို့က ချီးကျူးနေကြတာပါ။ "S rankထက် အဆင့်အများကြီးပိုမြင့်တဲ့ ရန်သူရဲ့တိုက်ကွက်တွေကို အတိုင်းအတာတစ်ခုအထိတားနိုင်တာလား၊ အံ့ဖွယ်ပဲ။" ဆိုတဲ့မှတ်ချက်တွေက တစ်ကမ္ဘာလုံးမှာ ပြန့်လို့ပါ။ အခုဆိုရင် လက်တင်အမေရိကနိုင်ငံတချို့တောင် ငြိမ်းချမ်းရေးမဟာမိတ်ဘက်ကို ဘက်ပြောင်းလာကြပြီ။ အတော်များများက အမေရိကန်ရဲ့မဟာမိတ်ထဲမှာ ပါဖူးပေမဲ့ပေါ့။

ဖရာလီတာနဲ့မက်ဒါနာတို့ကတော့ အချိန်ရရချင်းမှာပဲ တံတိုင်းရဲ့အားနည်းချက်ကို ပြင်ဖို့ကြိုးစားကြရတယ်။ ဆယ့်ငါးရက်လုံးလုံး အားနည်းချက်ကိုရှာဖွေပြုပြင်ပြီးမှပဲ သူတို့စိတ်ကိုဒုံးဒုံးချနိုင်တော့တယ်။ ဒီအားနည်းချက်ကို သာမန်ပြည်သူတွေက မသိမြင်နိုင်ပေမဲ့ ပညာရှင်တွေဖြစ်တဲ့ သူတို့ကတော့ အန္တရာယ်ကို ကျိန်းသေပေါက်သိကြပါတယ်။

"အဲဒီချို့ယွင်းမှုကြောင့်တာမဟုတ်ရင် ငါရောက်လာတဲ့အတိုင်း တံတိုင်းပေါက်သွားမှာမဟုတ်ဘူး။"

"ဟုတ်တယ်၊ စွမ်းအင်သိုလှောင်ခန်းထဲမှာ တံတိုင်းကို ပြန်အားဖြည့်ဖို့ စွမ်းအင်တွေအများကြီးကျန်နေ​သေးတယ်။"

စွမ်းအင်ဒိုင်းတွေက ဗိုလ်ချုပ်အဆင့်မြူတန့်တွေရဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့သေချာဒီဇိုင်းထုတ်ထားတာမလို့ ပိုးကောင်ဗိုလ်ချုပ်တွေအနေနဲ့ လွယ်လင့်တကူ ဖျက်ဆီးလို့မရနိုင်ပါဘူး။ ဥစာကီကိုယ်တိုင် ဒါမှမဟုတ် ဘာရွန်ရောက်လာရင်တော့ တစ်မျိုးပေါ့။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now