V8 Chapter 24

39 4 0
                                    


ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 24 - စားဖိုမှူးတိုက်ပွဲ

 ရေကစားကွင်းရဲ့စားသောက်ဆိုင်က ရေကန်ကြီးနှစ်ခုရဲ့အလယ်မှာရှိတာပါ။ ပလက်ဖောင်းပေါ်ကမ်းခြေထီးတွေထောင်ထားပြီး စားပွဲခုံလေးတွေချထားရုံသက်သက်ပဲ။ စားစရာရယ်လို့ ကောင်းကောင်းမွန်မွန်မရဘဲ အချိုရည်နဲ့အခြေခံဟင်းလျာတွေလောက်ပဲရတာ။

  မက်ဒါနာက လွတ်တဲ့စားပွဲခုံမှာဝင်ထိုင်လိုက်ပါတယ်။ စားစရာမလိုတဲ့ အေမီကတော့ မက်ဒါနာနောက်မှာ ဝင်ရပ်နေလိုက်တယ်။ အဲဒီနောက်တော့

သူတို့အုပ်စုက မီနူးစာရွက်ကို ကြည့်လိုက်တယ်။

မကြာခင်မှာပဲ မက်ဒါနာက သက်ပြင်းချလိုက်ပါလေရောလား။

 "စားစရာရယ်လို့ ကောင်းကောင်းကန်းကန်းမရှိဘူးပဲ။" မီနူးပေါ်မှာ သောက်စရာအသီးဖျော်ရည်တချို့နဲ့ အမြန်စာတွေကလွဲပြီးတော့ ဘာမှမတွေ့ရဘူးရယ်။ ပြီးတော့ စျေးကလည်းကြီးသေးတယ်။ ဖလေရာကတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ မီနူးကော်ပီစာရွက်ကို လက်ထဲကနေချလိုက်ပြီး မက်ဒါနာကို မေးထောက်ကာ ကြည့်လိုက်တယ်။

 "မက်ဒါနာရေ၊ ရေကစားကွင်းဆိုတာက အပန်းဖြေတဲ့နေရာလေ။ ဒီစားသောက်ဆိုင်ကလည်း သူတို့ပဲဖွင့်ထားတာ။ ဒီတော့စျေးကြီးပြီး စားစရာမကောင်းတာပုံမှန်ပဲ။"

 မက်ဒါနာက ဖလေရာရဲ့စကားကိုနားထောင်ပြီးတဲ့နောက် မျက်နှာကိုမဲ့လိုက်ပြီး ဘေးစားပွဲဝိုင်းတွေမှာ

ထိုင်ပြီးစားနေတဲ့သူတွေကို တစ်ချက်အခြေအနေကြည့်တယ်။ သူတို့နဲ့အနီးဆုံးဝိုင်းမှာရှိနေတာက ကလေးမလေးတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပါတဲ့ဝိုင်းပါ။

 လိင်တူလက်ထပ်ထားတဲ့စုံတွဲဖြစ်ပုံရပြီး ကလေးအတွက် ကလေးမေမေနှစ်ယောက်က ငါးနဲ့မုန့်နှစ်ကြော်ထားတဲ့ ငါးမုန့်လက်ချောင်းကြော်ဝယ်ကျွေးထားတာ။ ကလေးက ညှီစော်နံလို့မစားချင်ဘူးဆိုပြီး တတွတ်တွတ်ပြောနေပေမဲ့ ကလေးမေမေ နံပါတ်တစ်က ငါးကြော်တစ်တုံးကို လက်နဲ့ကိုင်ပြီး ပါးစပ်ထဲထည့်ပေးလိုက်တယ်။ မကြာဘူး၊ ကလေးမလေးက အသံပြဲကြီးနဲ့ စအော်ငိုတော့တာပဲ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now