V7 Chapter 19

50 7 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 19 - အင်းဆက်စစ်သူကြီး

လော့ဟတ်မာတင် လျှို့ဝှက်စမ်းသပ်ခန်း။

ဥစာကီက သူနဲ့လိုက်ဖက်တဲ့ ပန်းနုရောင် ကီမိုနိုကိုဝတ်ထားပြီး စမ်းသပ်ခန်းထဲကို ​လျှောက်ဝင်လာပါတယ်။ ပိုးကောင်နောက်လိုက်တွေက သူ့ကိုတွေ့တာနဲ့ ဦးညွှတ်ခစားကြပြီး ဥစာကီရဲ့ဘေးမှာလည်း ဘာရွန်ပါလာပါတယ်။ ဥစာကီက သာမန်ပိုးကောင်တွေထဲက တစ်ယောက်ကိုမေးလိုက်တယ်။

"ရေဂင်ဘယ်မှာလဲ။"

"လုံခြုံရေးအမြင့်ဆုံး စမ်းသပ်ခန်းထဲမှာ ရှိနေပါတယ်။"

"ရှေ့ကနေလမ်းပြ။" ပိုးကောင်က ဥစာကီကို ဦးညွှတ်လိုက်ပြီး ရှေ့ကနေလမ်းပြတယ်။ မကြာခင်မှာပဲ သူတို့တွေ မြေအောက်အနက်ဆုံးနေရာက စမ်းသပ်ခန်းကို ရောက်လာကြတယ်။ စမ်းသပ်ခန်းတံခါးက သိပ်ကိုလေးပြီး ရေဒီယိုဓာတ်ရောင်ခြည်သတိပေးချက်တွေကိုပါ တွေ့နိုင်ပါတယ်။

"ဒီနေရာမှာ ဘာစမ်းသပ်နေလဲဆိုတာ ငါ့ကိုပြောပြလို့ရမလား။" ဥစာကီက မေးလိုက်တော့ ပိုးကောင်ငယ်သားက နောက်တွန့်သွားပေမဲ့ ဥစာကီကို တချို့ကိစ္စတွေရှင်းပြလိုက်ပါတယ်။

"လော့ခ်ဟက်မာတင်ကုမ္ပဏီက ဒီနေရာကို ခရိုဒီယမ်ဓာတ်သတ္တုကို စမ်းသပ်ဖို့ အသုံးပြုခဲ့တာပါ။ ဒီကမ္ဘာရဲ့အန္တရာယ်အများဆုံးပစ္စည်းတစ်ခုဖြစ်ပြီး နျူကလိယဓာတ်ပေါင်းဖိုတွေ ပြိုလဲပေါက်ကွဲတဲ့အခါမှ ဖြစ်ပေါ်လာတဲ့ ဓာတ်သတ္တုမျိုးပါ။ သာမန်လူသားတွေဆိုရင် ဘေးနားမှာရပ်နေရုံနဲ့တင် မိနစ်ပိုင်းအတွင်း ဓာတ်ရောင်ခြည်သင့်သေဆုံးနိုင်ပါတယ်။"

ဥစာကီက မျက်မှောင်ကြုတ်လိုက်ပြီး ငယ်သားကို နောက်တစ်ဆင့်တပ်မေးလိုက်တယ်။ "ရေဂင်က အဲဒါတွေနဲ့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။"

"ဒီငယ်သားက အဲဒီအဆင့်လျှို့ဝှက်ချက်တွေကိုမသိသလို ဗိုလ်ချုပ်ရေဂင်ကလည်း ပြောခွင့်ပေးမထားပါဘူး။" ဥစာကီက ဘာမှဆက်မမေးတော့ဘဲ ဘာရွန်ကို
မေးငေါ့ပြလိုက်တယ်။ ဘာရွန်ကလည်း ခေါင်းညိတ်လိုက်ပြီး အထာသိတဲ့ပုံစံနဲ့ အမိန့်ပေးလိုက်ပါတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now