V8 Chapter 3

48 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 3 - ပြဿနာရှာမယ့်သူတွေ

မနက်ခင်း။

နျူရေက ခါတိုင်းနေ့တွေလိုပဲ နယူးယောက်ဟီးရိုးကျောင်းရှိတဲ့နေရာကိုရောက်တော့ ဆိုင်ကယ်ပေါ်ကဆင်းပြီး ဆိုင်ကယ်ကိုတွန်းကာ ကျောင်းဆီကို လမ်းဆက်လျှောက်သွားတယ်။ တခြားကျောင်းသားတွေရှိနေတဲ့အတွက် မြန်မြန်သွားလို့မကောင်းဘူးလေ။

ထူးဆန်းတာက လမ်းမပေါ်မှာ ပုံမှန်ထက် လူတွေများနေခဲ့တာပါပဲ။ ဟီးရိုးကျောင်းက မြို့ပြင်ဘက် နည်းနည်းကျလို့ လူရှင်းနေသင့်တာ။ ဒါပေမဲ့ ဒီနေ့တော့ ပုံမှန်ထက်ကို လူတွေများနေပြီး အားလုံးထဲက လူတစ်အုပ်စုကတော့ ပိုလို့တောင် ထင်းထွက်နေသေးတယ်။ အဲဒီလူအုပ်စုက အနက်ရောင်ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်မှာ တန်ဖိုးကြီးပုံရတဲ့ ပိုးချည်နဲ့ SA စာတန်းပါဒိုင်းကို ရေးထိုးထားတယ်။ နျူရေက မှတ်ဉာဏ်အားကောင်းသူတစ်ဦးဖြစ်လို့ နယူးယောက်မှာရှိတဲ့ စူပါအမေရိကကျောင်းဝတ်စုံမှန်း ချက်ချင်းမှတ်မိသွားတယ်။ ကောင်းသောလာခြင်း ဖြစ်ပုံမပေါ်တာကြောင့် မြန်မြန်ဖြတ်သွားပြီး ကျောင်းထဲဝင်ဖို့ စဥ်းစားပေမဲ့

"ဟေး၊ ညီမလေး။ အစ်ကိုကြီးတို့နဲ့ ဒီနေ့မြို့ထဲလျှောက်လည်ကြမလား။"

ကောင်လေးတွေထဲက မျက်လုံးပြူးပြူး ဆံပင်ရှည်ဂုတ်ဝဲနဲ့တစ်ယောက်က ရှေ့ထွက်လာတယ်။ သူက လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲနှုတ်ထားတာဖြစ်ပြီး သူစလှုပ်ရှားတာနဲ့ ကျန်တဲ့ကျောင်းသားတွေကပါ နျူရေကို စဝိုင်းထားလိုက်တယ်။ နျူရေလည်း
လန့်သွားပြီး နောက်ကိုနည်းနည်းဆုတ်လိုက်မိပေမဲ့ ဟီးရိုးကျောင်းသားတစ်ယောက်ဖြစ်တာမလို့ ပုံမှန်မိန်းကလေးတွေလိုမျိုး ဆောင့်တည်ရာမဲ့ဖြစ်သွားတာမျိုးတော့မရှိဘူး။

"ရှင်တို့ဘာလိုချင်လို့လဲ။" နျူရေပြောလိုက်တာနဲ့ သူ့ရဲ့ဆိုင်ကယ်ဉာဏ်ရည်တု အသက်ဝင်လာပြီး လီဗာကို အလိုလိုနင်းလိုက်တယ်။ ဆိုင်ကယ်က သူ့ဘာသာလှုပ်ရှားနေတာတွေ့တော့ စူပါအမေရိကကျောင်းခွဲက
ကျောင်းသားတချို့လည်း အထင်ကြီးသွားကြလေရဲ့။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now