V8 Chapter 22

41 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V2 Chapter 22 - အကျိုးနည်းဖြစ်ရပ်


 ပြိုင်ပွဲက တကယ့်ကိုပဲ မြန်မြန်ဆန်ဆန်နဲ့ ရှေ့ဆက်နိုင်ခဲ့တယ်။ အခုဆိုရင် အီဗန်နဲ့ယုဆက စီးမီးဖိုင်နယ်ရောက်လာကြပြီ။ စီးမီးဖိုင်နယ်ရဲ့ပထမဆုံးပွဲက ယုဆနဲ့ စူပါအမေရိကကျောင်းတိုက်ပွဲချန်ပီယံ ဇိုအီပါ။

 ဇိုအီက ရေခဲစွမ်းအားရှိတဲ့မိန်းကလေးဖြစ်ပြီးတော့ တကယ့်ကိုသန်မာတဲ့ S rank မြူတန့်ဖြစ်ပါတယ်။ ပမာဏစစ်ဆေးမှုမှာကတည်းက အဲဒီမိန်းကလေးကို အီဗန်တို့မြင်ဖူးနေတာပါ။ အဲဒီတုန်းက A အဆင့်စွမ်းအားကိုပဲထုတ်ပြသွားပေမဲ့ တိုက်ပွဲတွေမှာ S rank ဖြစ်ကြောင်းကို ပြသပြီးနေပြီ။

 ယုဆက ပြိုင်ပွဲကွင်းထဲကို လျှောက်ဝင်လိုက်တယ်။

ရှိသမျှလူတွေအားလုံးက သူ့ကိုအားပေးနေကြတယ်။

သူ့ရဲ့အိုနီဂါမီအရုပ်တွေရဲ့စွမ်းအားကလည်း အတော်လေးအစွမ်းထက်တယ်မဟုတ်လား။ တစ်ဖက်က ဇိုအီထွက်လာတော့ အားပေးသံတွေက ပိုပြီးကျယ်လာပါတယ်။ ဇိုအီရဲ့ဆံပင်တွေက မီးခိုးရောင်ဖြစ်ပြီး ပိန်ပါးတဲ့ခန္ဓာကိုယ်ရှိတယ်။ ဒိုင်က တိုက်လို့ရပြီလို့ပြောတာနဲ့ နှစ်ယောက်လုံးက တစ်ယောက်ဆီကိုတစ်ယောက်ပြေးလာပြီး သူတင်ကိုယ်တင်တိုက်ခိုက်ကြတယ်။

 ရေခဲစွမ်းအားနယ်မြေက ပြိုင်ပွဲကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် မကြာခင်မှာပဲ ယုဆတိုက်ပွဲကနေ အရှုံးပေးလိုက်ရတယ်။ အထူးစားပွဲဝိုင်းမှာ ထိုင်နေကြတဲ့ စူပါအမေရိကကျောင်းအုပ်က နယူးယောက်ကျောင်းကို တစ်ချက်ကြည့်လိုက်ပြီး ရယ်လိုက်ပါပြီ။

 "ဒီလောက်ဆိုရင် ဘယ်သူက ချန်ပီယံဖြစ်မလဲဆိုတာ သိသာနေပြီပဲဥစ္စာ။" လို့ သူကအကျယ်ကြီးပြောလိုက်တယ်။ မက်ဒါနာကတော့ ဂရုမစိုက်တဲ့ပုံစံနဲ့အေမီကိုယ်တိုင်လုပ်ပေးထားတဲ့ စတော်ဘယ်ရီမစ်ရှိုက်ကိုသောက်ရင်းနဲ့ ဝတ္ထုစာအုပ်တစ်အုပ်ကိုဖတ်နေပါတယ်။ ပြိုင်ပွဲကျင်းပနေတဲ့အချိန်အတွင်း သူ့အနေနဲ့

လုပ်စရာသိပ်မရှိဘူးမဟုတ်လား။

 ဘော့စတွန်က ကျောင်းအုပ်ကတော့ သက်ပြင်းချလိုက်ပါတယ်။ "သနားစရာပဲ၊ နယူးယောက်ကျောင်းက အခွင့်အရေးရှိခဲ့ပေမဲ့ သူတို့တိုက်ပွဲချန်ပီယံက ဆက်မပြိုင်တော့ဘူး။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now