V7 Chapter 27

60 7 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 27 - မိုက်ရူးရဲ

အခန်းထဲရောက်တော့ မက်ဒါနာက ရှေးပုံစံသစ်သားကုတင်ကြီးပေါ် လှဲချလိုက်ပြီး နဖူးပေါ်လက်တင်ကာ ဖြစ်ခဲ့သမျှကို ပြန်စဥ်းစားကြည့်မိတယ်။ လက်ထဲမှာတော့ ဆေးစာအုပ်လေးကို ကိုင်ထားမိလျက်သားပါ။ ဆေးပညာအကြောင်းနားမလည်ပေမဲ့ တင်မီ့မှာဒီလို မှတ်တမ်းစာအုပ်​လေးရှိနေတယ်ဆိုတော့ တစ်ခုခုပြဿနာရှိနေပုံပဲ။ အတန်းဖော်ဖြစ်ဖူးတာမလို့ လစ်လျူရှုထားရင်မကောင်းဘူးလေ။

မက်ဒါနာက စိတ်ဆုံးဖြတ်ပြီးတဲ့နောက်တော့ စာအုပ်မှာရေးထားတဲ့ ဆေးရုံဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အတော်ကြာတဲ့အထိ တူတူမြည်ပြီးတော့မှ တစ်ဖက်က သူနာပြုဆရာမရဲ့ခပ်လေးလေး လေသံထွက်လာပါတော့တယ်။

"ဟုတ်ကဲ့၊ နယူးယောက်စိတ်ရောဂါကုဆေးရုံကနေ ကြိုဆိုပါတယ်။ ဘာများကူညီပေးရမလဲ။"

"ဟိုလေ၊ ရှင်တို့ဆီမှာ တင်မီ ဂရီဂိုရီဆိုတဲ့ လူနာရှိတယ်မဟုတ်လား။ ကျွန်မက သူ့ကောင်မလေးပါ။ သူ့စိတ်ရောဂါကုဆေးမှတ်တမ်းကို ကျွန်မတွေ့ထားလို့ သူဘာဖြစ်နေလဲ ပြောပြပေးလို့ရမလား။" မက်ဒါနာက ဝေ့ဝိုက်မနေဘဲ မေးလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ကနေ သူနာပြုဆရာမရဲ့သက်ပြင်းချသံကို သူကြားလိုက်ရတယ်။

"စိတ်မကောင်းပေမဲ့ လူနာရဲ့မိသားစုဝင်မဟုတ်သေးရင် အဲဒီအချက်အလက်တွေကို ကျွန်မပြောပြခွင့်မရှိပါဘူး။"

"သူ့ကောင်မလေးဖြစ်နေတာတောင်မှလား။"

"အဲဒီလိုပဲ ညီမလေးရေ။ ဒါပေမဲ့ တင်မီလေးက ဒီကိုလာတိုင်း သနားစရာလေးမလို့ အဲဒီကောင်လေးကို ဂရုစိုက်ပေးပါဦးနော်။ နောက်ထပ် အသဲကွဲတာခံနိုင်တော့မယ့်ပုံမပေါ်ဘူး။"

"....." ကြည့်ရတာ မက်ဒါနာရဲ့Plan Aက ကျရှုံးသွားတဲ့ပုံပဲ။ ပြီးတော့ သူနာပြုဆရာမလေသံအရဆိုရင် တင်မီက စိတ်ရောဂါကုဆေးရုံကို ခဏခဏသွားတွေ့နေရတဲ့ပုံပဲ။ နားထောင်ရင်းနားထောင်ရင်း စိုးရိမ်လာတဲ့အတွက် မက်ဒါနာက Plan Bသုံးဖို့ ဆုံးဖြတ်လိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now