V6 Chapter 13

66 8 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 13 - ပုန်းကွယ်နေတဲ့ ကပ်ဘေး

ဆန်ဖရန်စစ်စကိုကမ်းခြေ။

ရွှေရောင်ဂိတ်တံခါးတံတားပေါ်မှာ အနက်ရောင်ပေါ်တယ်ကြီးတစ်ခု ပွင့်လာပြီး ယာမီနဲ့တက်ဒီအရုပ်ကလေးကိုပိုက်ထားတဲ့ ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက် ထွက်လာတယ်။

ယာမီက အနီရောင်ဆေးသုတ်ထားတဲ့ ကြိုးတံတားကြီးရဲ့တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီးခေါင်းညိတ်လိုက်တယ်။ ညဖက်မလို့ ရွှေရောင်ဂိတ်တံခါးတံတားတစ်ခုလုံးကို မြူတွေဖုံးထားပြီး တစ်နေရာနဲ့တစ်နေရာကို သိပ်ဝေးဝေးမမြင်ရဘူး။

ဒါကြောင့်လည်း လူသွားလူလာတွေ ရှိနေပေမဲ့ အနက်ရောင်တွင်းပေါက်ထဲကနေ ထွက်လာတဲ့ လူနှစ်ယောက်ကို ကားပေါ်ကလူတွေ သတိမထားမိကြတာ။

ဒါကြောင့်လည်း လူသွားလူလာတွေ ရှိနေပေမဲ့ အနက်ရောင်တွင်းပေါက်ထဲကနေ ထွက်လာတဲ့ လူနှစ်ယောက်ကို ကားပေါ်ကလူတွေ သတိမထားမိကြတာ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Pic1: Goldern Gate Bridge)

"တော်တယ်၊ မင်းရဲ့စွမ်းအားက တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးတက်လာတာပဲ။"

ယာမီက ကလေးမလေးခေါင်းကို အသာလေးပုတ်ပေးလိုက်တယ်။ ကလေးမလေးက သာမန်တော့မဟုတ်ဘူး။ ကလေးမလေးရဲ့အသားအရေက ဖြူဖျော့နေပြီး အသက်မရှိသလိုပဲ။ သေချာကြည့်မယ်ဆိုရင် ဝင်သက်ထွက်သက်မရှိတာကို သတိထားမိနိုင်တယ်။

ကောင်မလေးက ယာမီကို မော့ကြည့်လိုက်တယ်။ အရောင်ဖျော့တော့နေတဲ့ ရွှေရောင်ဆံစလေးတွေက ကောင်မလေးနဲ့နဖူးကနေ ပယ်ခွာသွားပြီး နားထင်နားကို ရွေ့သွားတယ်။ ကောင်မလေးရဲ့အစိမ်းရောင်မျက်လုံးတွေကတော့ ဖရက်ကိုခံစားချက်မဲ့စွာနဲ့ စိုက်ကြည့်နေတယ်။

ယာမီကတော့ ကလေးမလေးကို လက်ဆွဲထားရင်း ရွှေရောင်ဂိတ်တံတားပေါ်ကနေတစ်ဆင့် ခပ်ဝါးဝါးလှန်းမြင်နေရတဲ့ ကျွန်းကိုစိုက်ကြည့်နေတယ်။ အဲဒီကျွန်းပေါ်မှာ အဆောက်အဦးတစ်ခုရှိနေပြီး အကျဥ်းထောင်တစ်ခုပါ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now