V6 Chapter 11

62 9 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 11 - အလှတရားရဲ့ည (၂)

ဖ​လေရာက ပတ်ဝန်းကျင်က စားပွဲဝိုင်းတွေကို ကြည့်လိုက်တယ်။ အပေါ်ထပ်မှာ လူသိပ်မများဘူးဆိုပေမဲ့ အခုလိုအရေးကြီးကိစ္စမျိုးကို လူကြားထဲ ဆွေးနွေးတာက သိပ်တော့မကောင်းဘူး။

မက်ဒါနာလည်း ဖရာလီတာစိုးရိမ်နေတာ တွေ့တဲ့အတွက်ကြောင့် အေမီကို အမိန့်ပေးလိုက်တယ်။ "အေမီ၊ ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ထား။ မသင်္ကါစရာတွေ့ရင် ငါ့ကိုပြော။"

အဲဒီနောက် မက်ဒါနာက ဖလေရာကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။ "အဲဒီနေ့က နင်ဝါရှင်တန်မှာ ရှိနေခဲ့တာမဟုတ်လား။"

ဖလေရာ သူ့ကိုဖုန်းဆက်ကတည်းက မက်ဒါနာစဥ်းစားနေတာကြာပြီ။ ဖလေရာက သူ့ကိုဝါရှင်တန်မှာ တွေ့လိုက်တယ်ဆိုပြီးပြောတာ၊ သတင်းထဲပါလာလို့ သိတာဆိုပြီး ပြောတာမဟုတ်ဘူး။ တစ်နည်းအားဖြင့် ဝါရှင်တန်မှာ မစ်ရှင်လုပ်နေတဲ့ အေမီကို ဖ​လေရာကိုယ်တိုင်တွေ့လာတာ။

"တိုက်ဆိုင်တယ်လို့ ပြောရအောင်လည်း နင့်မှာ ဝါရှင်တန်ကို သွားစရာအကြောင်းမရှိဘူး။ ဒါကြောင့် တိုက်ခိုက်မှုနောက်ကွယ်မှာ နင်ရှိနေတာပဲဖြစ်ရမယ်။"

ဖလေရာရဲ့မျက်နှာပေါ်က အပြုံးရပ်တန့်သွားတယ်။ဖလေရာက သူ့လက်ထဲမှာရှိနေတဲ့ ဝိုင်ခွက်ကို လှုပ်ခါရင်း ယိမ်းထိုးနေတဲ့ ဝိုင်နီမျက်နှာပြင်ကို စိုက်ကြည့်နေတယ်။ အတော်ကြာမှ...

"အမေရိကရဲ့အခြေအနေက ဘယ်လောက်ထိဆိုးဝါးနေပြီလဲ နင်သိလား။ အရင်တစ်ပတ်က အသက်ငါးနှစ်အရွယ် ကလေးလေးတစ်ယောက် မတော်တဆ စွမ်းအားထုတ်သုံးမိလို့ ထောင်သုံးနှစ်ကျသွားတယ်။"

မက်ဒါနာ ပြန်စဥ်းစားကြည့်လိုက်တယ်။ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို တကယ်ပဲထောင်ချလို့ရရဲ့လား။ ဆယ်ကျော်သက်တွေတောင် အများဆုံးမှ လူငယ်ထိန်းသိမ်းရေးစခန်းပဲ ရောက်ကြတာပါ။

ဖလေရာက ခေါင်းကိုခါယမ်းလိုက်တယ်။ စီအီးအိုမိန်းကလေးရဲ့ဆံပင်တွေက ညမီးရောင်အောက်မှာ ယိမ်းထိုးနေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now