V7 Chapter 28

61 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 28 - မာတီရာဂိုဏ်း

မစ်ရှင်စတင်ပါပြီ။

နျူရေတို့အုပ်စုက မြို့ထဲမှာလျှောက်သွားနေရင်းနဲ့ မာဖီးယားတွေ စုတတ်တဲ့နေရာလိုက်ရှာဖို့ကြိုးစားရတယ်။ ဒါပေမဲ့ ဒီမြို့လေးက သူတို့ဖြတ်လာတဲ့နေရာနဲ့ယှဥ်ရင် နည်းနည်းပိုငြိမ်းချမ်းသလိုထင်ရပါတယ်။ မနက်ပိုင်းပေမဲ့ လမ်းပေါ်မှာ လူသွားလူများပြီး ရန်ပွဲတို့ အုပ်စုဖွဲ့လျှောက်သွားနေတဲ့ မာဖီးယားတွေတို့မတွေ့ရသေးပါဘူး။

"ဗင်းဆင့်၊ ဒီမြို့က ပုံမှန်ထက် ငြိမ်းချမ်းနေတယ်လို့
မထင်ဘူးလား။"

နျူရေက မေးလိုက်တော့ ဗင်းဆင့်လည်း စဥ်းစားပြီးပြန်ဖြေတယ်။ သူ့သဘောထားကတော့ ရိုးရှင်းပါတယ်။ "စာဖိုမှုးမိုက်ရူးရဲပြောတဲ့အတိုင်းဆိုရင် ဒီမြို့ရဲ့ဂိုဏ်းခေါင်းဆောင်က ဦးနောက်ကြီးတဲ့သူမလား။ သူ့လူတွေမြို့အနှံလျှောက်သွားပြီး သောင်းကျန်းနေမှာကို ခွင့်လွှတ်မယ်မထင်ဘူး။ ဒါမှ သာမန်မြို့သားတွေ သူ့ကိုဆန့်ကျင်တာမျိုးမလုပ်မှာလေ။"

နျူရေလည်း နားထောင်ရင်းခေါင်းညိတ်လိုက်ပါတယ်။ တချို့လူမိုက်ဂိုဏ်းတွေက ပေါ်တင်ပြဿနာရှာတာမျိုး မလုပ်တတ်ပါဘူး။ အဲဒီအစား သာမန်လူတွေလိုမျိုး ပြုမူဖို့ကြိုးစားတတ်ကြတယ်။ ဒါမှသာအရပ်သားတွေကြားထဲ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မှာဖြစ်ပြီး သူတို့ခေါင်းဆောင်တွေလည်း မြို့မျက်နှာဖုံး လူကြီးလူကောင်းတွေအဖြစ် နေလို့ရမှာပါ။

"နျူရေ၊ ငါတို့နေရာတစ်ခုရှာတွေ့ပြီထင်တယ်။" ဘယ်လာက တစ်နေရာကို လက်ညိုးထိုး​ပြလိုက်တယ်။ ဘယ်လာက အရက်ဆိုင်တစ်ခုကို ညွန်ပြလိုက်တယ်။ အနောက်တိုင်းဝတ်စုံကို သန့်ပြန့်နေအောင်ဝတ်ထားပြီး ဦးထုပ်ဝိုင်းဆောင်းထားတဲ့ လူတချို့က ​ဆိုင်ထဲမှာအေးဆေးစွာ​ သောက်စားနေကြတယ်။

"ဒီအတိုင်းကြည့်မယ်ဆိုရင် တကယ့်လူကြီးလူကောင်းတွေလိုထင်ရတာပဲ။ အယ်ကာပုန်းရဲ့ဂိုဏ်းသားတွေလည်း အဲဒီလိုပဲဖြစ်ခဲ့တာမဟုတ်လား။" ဗင်းဆင့်က ပြောလိုက်တယ်။ နျူရေကလည်း ခေါင်းညိတ်လိုက်ပြီး

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now