V7 Chapter 32

51 6 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 32 - ငါတို့တွေက အတူတူပါပဲ

မက်ဒါနာ​က ပေါ်တယ်က​နေတစ်ဆင့် ဆက်တိုက်ဖို့ မဖြစ်နိုင်တော့တဲ့ အေမီကို တစ်ဖက်ခြမ်းပြန်ပို့လိုက်တယ်။ လက်ရှိအချိန်မှာ ဆိုဖီယာက ရန်သူကိုသတ်နိုင်လား မသတ်နိုင်ဘူးလား၊ မကျိန်းသေသေးပါဘူး။
မက်ဒါနာ၊ ဖလေရာ၊ လင်ဒါနဲ့ ဖရက်တို့က တွင်းဝကြီးနားကို ရောက်လာကြပြီ။

ဆိုဖီယာက တွင်းနက်ကြီးရဲ့နှုတ်ခမ်းမှာ ဒူးထောက်ကျနေပါတယ်။ နဖူးက ချွေးတွေအများကြီးစီးကျနေပြီး နတ်သူငယ်မလေးရဲ့ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက်ဖြစ်​နေတယ်။ ကြည့်ရုံနဲ့တင် ခုနကတိုက်ကွက်ကိုသုံးဖို့ အစွမ်းကုန်အားထုတ်ထားမှန်း သိနိုင်ပါတယ်။

"ဆိုဖီယာ၊ နင်ဘာဖြစ်သွားသေးလဲ။"

မက်ဒါနာက သူ့ရင်ဘတ်လောက်ပဲရှိတဲ့ နတ်သူငယ်မလေးဆီကို ပြေးသွားရင်း ကောက်ချီဖို့လုပ်လိုက်မိပေမဲ့ လက်ကိုပြန်ရုပ်လိုက်ရတာပေါ့။ အခုသူက သံမဏိဝတ်စုံကြီးထဲမှာရောက်နေလို့ အဲဒီလိုလုပ်လိုက်ရင် ရူးကြောင်ကြောင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဆိုဖီယာရဲ့အခြေအနေကို ကြည့်ပြီးကတည်းက သူ့ပြိုင်ဘက်ဟာ လွယ်တဲ့သူမဟုတ်မှန်း သိနိုင်တယ်။

"အာကာသနတ်သူငယ်မျိုးနွယ်ရဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် ငါ့ရုပ်ခန္ဓာက တစ်စစီဖြစ်နေလောက်ပြီ။ ဒါတောင်မှ..."

နတ်သူငယ်မလေးက တစ်နေရာကို လက်ညိုးညွန်ပြလိုက်တယ်။ သူတို့ကြည့်လိုက်တော့ တွင်းနက်ကြီးရဲ့အလယ်မှာ တောင်ကမူလိုဖြစ်တည်နေတဲ့ ကုန်းမြင့်တစ်ခုရှိနေတယ်။ အကြီးကြီးတော့မဟုတ်ပေမဲ့ လူတစ်ယောက် ကောင်းကောင်းရပ်နိုင်တဲ့အရွယ်ပါ။ အဲဒီမှာ အနက်ရောင်အရိပ်ကြီးတစ်ခုရပ်နေပြီး မည်းကျွမ်းနေတဲ့ သစ်ငုတ်တိုကြီးတစ်ခုလိုပဲ။

ဆိုဖီယာရဲ့တိုက်ကွက်ကြောင့်လားမသိပေမဲ့ အဲဒီအရာရဲ့ကိုယ်ကနေ မီးခိုးငွေ့တွေ တ​ထောင်းထောင်းထနေပြီး တဖြည်းဖြည်းကိုယ်ကိုဖြန့်လိုက်တယ်။

  ပြန့်ကားလာတဲ့ တောင်ပံတစ်ဖက်တစ်ချပ်စီက ပေနှစ်ဆယ် အနည်းဆုံးရှိပြီးတော့ တောင်ပံပေါ်မှာခံ့ညားတဲ့ အကြောဖောင်းဖောင်းတွေကို အံ့ဖွယ်မြင်နိုင်တယ်။ အတောင်ပံဖြန့်ပြီးတဲ့နောက် အကောင်ကြီးရဲ့လက်တွေခြေတွေ ဖြန့်လာတယ်။ လက်ချောင်းတွေတစ်လျှောက် စစ်သုံးဓားအရွယ်လောက်ရှိတဲ့ ဆူးချွန်တွေထွက်နေပြီး ရင်သက်ရှုမောခြင်းနဲ့ထိတ်လန့်ခြင်းတို့က ဒွန်တွဲလို့။ ပေါင်းစပ်မျက်လုံးတွေကတော့ နက်မှောင်ကာ တောက်ပြောင်လို့ပေါ့။ ဦးခေါင်းထိပ်မှာတော့ အနီရောင်သန်းတဲ့ ပင်အပ်လို ဦးမျှင်နှစ်ချောင်းက တုတ်ခိုင်စွာရှိနေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now