V8 Chapter 17

45 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 17 - Gamera vs Mothra

ပိုးဖလံနဲ့​လိပ်နက်ရဲ့လက်သီးက လေထဲမှာဆုံမိသွားတယ်။ ပြင်းထန်တဲ့ သက်ရောက်လှိုင်းသက်သက်နဲ့တင် သူတို့ရှိနေတဲ့ အထပ်တစ်ခုလုံးတုန်ခါသွားတယ်။ ဖလေရာက ကျန်တဲ့သူတွေကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ပြန်ဆုတ်ကြစို့။" ဓားနတ်ဆိုး၊ လီနာ၊ အေမီတို့ ခေါင်းညိတ်လိုက်ကြတယ်။ ဇွန်ဘီလေးက သူတို့အတွက်ပေါ်တယ်ဖွင့်ပေးလိုက်တယ်။

"သူရဲဘောကြောင်လိုက်တာ...." ပိုးဖလံက ရှေ့ကိုထွက်လာပြီး သူတို့ကိုတိုက်ဖို့လုပ်ပေမဲ့ လိပ်နက်က လက်ထဲက တောင်ဝှေးနဲ့ ပိုးဖလံနဲ့ခြေထောက်ကိုချိန်လိုက်တယ်။ သစ်နွယ်တွေက ပိုးဖလံကိုချုပ်နှောင်လိုက်ပြီး လိပ်နက်က သူ့ကို မြေပြင်ပေါ်ရိုက်ချတယ်။

"မင်းအားလောက်လေးနဲ့များ..." ပိုးဖလံက သစ်နွယ်တွေကို ချက်ချင်းအက်ကွဲအောင်လုပ်နိုင်ခဲ့ပေမဲ့ သူခနလောက် တုံ့ဆိုင်းသွားတဲ့အချိန်မှာ ဖလေရာတို့အုပ်စုက လွတ်မြောက်သွားပြီ။ ပိုးဖလံလည်း ဒေါသထွက်ပြီး လိပ်နက်ကိုပြေးထိုးတယ်။ ဒါပေမဲ့ ဖရန့်ရဲ့ခေါင်းက လိပ်နက်အဖြစ်ပြောင်းသွားပြီး ပိုးဖလံကို ရေခဲအာငွေ့တန်းကြီးနဲ့မှုတ်ထုတ်လိုက်တယ်။

"ဝေါင်း....." လိပ်နက်ရဲ့အော်သံကြီးနဲ့အတူ ပိုးဖလံရဲ့တစ်ကိုယ်လုံးဟာ ချက်ချင်းဆိုသလိုအေးခဲသွားပါတယ်။ အဲဒီနောက်တော့ ရေခဲတန်းရဲ့အရှိန်အဟုန်ကြောင့် မြေအောက်ခန်းမျက်နှာကျက်နဲ့တိုက်မိပါတယ်။ လာတုန်းကလိုပဲ မြေအောက်ခန်းအလွှာစုံကို ဖြတ်သန်းပြီးတော့ အပေါ်ကိုပြန်ရောက်သွားတယ်။

ဘုန်း....

ပိုးဖလံပြန်သတိရလာတော့ သူ့ခန္ဓာကိုယ်က မြေအောက်မှာရှိမနေတော့ဘဲ လော့ဟက်မာတင် ကားပါကင်ထဲရောက်နေပြီ။ ပိုးကောင်တစ်ကောင်ရဲ့အသက်ဓာတ် ကောင်းလွန်းလို့သာ မသေသေးတာ။ လိပ်နက်ကလည်း ပြိုကျလုဆဲဆဲ လော့ဟက်မာတင်တာဝါထဲကနေ ပြေးထွက်လာပြီး သူ့ကိုတောင်ဝှေးနဲ့ ပြေးရိုက်တယ်။

"မလောက်လေးမလောက်စားကောင်ကများ။" ပိုးဖလံက လိပ်နက်ရဲ့တောင်ဝှေးကို တားဆီးလိုက်ပြီး လိပ်နက်ရဲ့မျက်နှာကိုထိုးတယ်။ လိပ်နက်ကလည်း သူ့ကိုလက်သီးနဲ့ပြန်ထိုးတယ်။ နှစ်ယောက်လုံးက အစွမ်းထက်သက်ရှိတွေဖြစ်ကြပြီးတော့ ပုံမှန်တိုက်ခိုက်နေရင်းကနေ အသံမြန်နှုန်းရဲ့နှစ်ဆအထိ အမြန်နှုန်းမြင့်တက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တိုက်ကွက်ရာချီဖလှယ်မိကြတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now