V5 Chapter 31

69 9 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chaptef 31 - အာရေဗျကျွန်းဆွယ်စစ်ပွဲ

အတောင်ပံနဲ့အရုပ်မတွေက ငါးယောက်တစ်ဖွဲ့စုဖွဲ့ပြီး မတူညီတဲ့လက်နက်တွေနဲ့အတူ ကောင်းကင်ပေါ်မှာပျံသန်းနေတယ်။ သိပ်မကြာခင်မှာပဲ မြေပြင်မှာရှိနေတဲ့ နှစ်ဖက်စစ်တပ်တွေက သတိထားမိသွားကြပါတယ်။

အမေရိကန်ထိန်းချုပ်ရေးစင်တာမှာရှိနေတဲ့ ဗိုလ်ချုပ်တွေလည်း ထိတ်လန့်ကုန်တော့တာပေါ့။ ဒီအရုပ်တွေပျံလာတာကို သူတို့ရေဒါမှာ မထောက်လှမ်းမိပါဘူး။ ဒါကြောင့် ထောက်လှမ်းရခက်တဲ့ ရန်သူအမျိုးအစားထဲမှာပါတယ်။

အမေရိကန်နိုင်ငံ အိမ်ဖြူတော်ကတစ်ဆင့် စစ်ပွဲကိုတိုက်ရိုက် စောင့်ကြည့်နေတဲ့ သမ္မတဂျိုးလ်ဝဲလ်ဆင်လည်း မျက်ခုံးပင့်လိုက်ပါတယ်။ လက်နက်အသစ်တွေ ရရခြင်း ဥရောပမဟာမိတ်ကို မစောင့်ဆိုင်းဘဲ တိုက်ဖို့သူဆုံးဖြတ်ခဲ့ပေမဲ့...

"ကြည့်ရတာ ဥရောပမဟာမိတ်ကလည်း အနည်းအပါးတော့ ပြင်ဆင်ထားတဲ့ပုံပဲ။" ဂျိုးလ်ဝဲလ်ဆင်က အမေရိကန်တပ်တွေအနား နီးကပ်လာနေတဲ့ အရုပ်မတွေကိုကြည့်ရင်း ပြောလိုက်တယ်။ ဒါပေမဲ့ သိပ်စိတ်ပူသေးပုံမပေါ်ဘဲ တိုက်ပွဲအ​ခြေအနေကိုဖော်ပြပေးနေတဲ့ ဂြိုဟ်တုပုံရိပ်တွေကိုသာ ဆက်ကြည့်နေပါတယ်။

...

ဖရာလီတာရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာပဲ အရုပ်မပျံတွေက သူတို့လက်နက်တွေကို အသင့်ပြင်လိုက်ကြတယ်။ ဖွဲ့စည်းပုံက ငါးယောက်တစ်ဖွဲ့ဖြစ်ပြီး သူတို့ကိုင်ထားတဲ့ လက်နက်တွေက တစ်ခုနဲ့တစ်ခုမတူညီပါဘူး။

အကြမ်းဖျင်းဖော်ပြရရင်တော့ ရှေ့ဆုံးကတစ်ယောက်က သတ္တုဒိုင်း၊ တောင်ပံနှစ်ယောက်က စက်သေနတ်၊ နောက်တန်းနှစ်ယောက်က ချေမှုန်းရေးရိုင််ဖယ်နဲ့ ရော့ကတ်တွေကို ကိုင်ဆောင်ထားတယ်။

မြေပြင်မှာရှိနေတဲ့ တပ်ဖွဲ့တွေက သူတို့နားနီးလာနေတဲ့ အရုပ်မတွေကို စပြီးတိုက်တယ်။ ဂျက်ဖာဆင် အိုဖိုးစက်ရုပ်တွေက သူတို့ရဲ့လေယာဥ်ပစ်လက်နက်တွေကို ကောင်းကင်ပေါ်ထောင်ပြီး ပစ်ခတ်နေကြပါပြီ။ ဒါပေမဲ့ ဒီအရုပ်မတွေမှာ အော်တိုရှောင်ရှားတဲ့စနစ်ပါပြီး ကျောနောက်က တောင်ပံတွေကိုသုံးကာ အေးအေးဆေးဆေး ရှောင်နိုင်ကြပါတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now