V9 Chapter 24

29 2 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 24 - အနူးဘစ်


 တိုက်ပွဲပြီးတဲ့နောက်တော့ အေမီက စေဘာစတိန်းရဲ့လက်နက်သိုလှောင်ခန်းတွေထဲက တစ်ခုကိုဖွင့်ပြီး ယာမီရဲ့နှလုံးသားကို ထည့်လိုက်တယ်။ ဒီနှလုံးနဲ့ပတ်သက်ပြီး သူတို့ဘာဆက်လုပ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။ စေဘာစတိန်းထဲမှာ ခနသိမ်းထားလို့လည်း ဘာပြဿနာမှရှိမှာမဟုတ်ပါဘူး။ ယာမီရဲ့နှလုံးက ဘယ်လိုပဲဖြစ်ဖြစ် မရပ်တန့်နိုင်ဘူး။


 တစ်ဖက်မှာတော့ လီဆာက ပျက်စီးနေတဲ့ နည်းပညာဝတ်စုံကို ဆက်ဝတ်ပြီးရပ်နေတဲ့ မက်ဒါနာကို ကြည့်လိုက်တယ်။ လီဆာရဲ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေရှိနေသေးပေမဲ့ မက်ဒါနာရဲ့အခြေအနေကို သူပိုပြီးစိုးရိမ်နေပါတယ်။ မက်ဒါနာက ရေဂင်ကိုအနိုင်ယူဖို့အတွက် ဖီးနစ်ပုံစံကို ထပ်ပြီးအသုံးပြုခဲ့ရတယ်။ တစ်နည်းအားဖြင့် သက်တမ်းတချို့ကို ဆုံးရှုံးခဲ့ရပြန်ပြီ။


 "တောင်းပန်ပါတယ်...." လီဆာက ငိုကြွေးနေရင်းနဲ့ပဲ မက်ဒါနာကိုပွေ့ဖက်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေစီးဆင်းနေပြီး ခေါင်းကို ငွေရောင်စစ်သည်ရဲ့ပခုံးပေါ်မှာတင်ထားတာ ငိုကြွေးနေလို့ပေါ့။


 "သမီးသာ စိတ်ထင်ရာမလုပ်ခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆိုရင် စကားနားမထောင်ဘဲ ထွက်သွားတာမျိုးမလုပ်တော့ပါဘူး။"


 လူသားတစ်ယောက်ရဲ့သက်တမ်းက ဘယ်လောက်ထိအရေးပါလဲဆိုတာ လီဆာနားလည်ပါတယ်။ သူ့ကိုကယ်ဖို့အတွက် မက်ဒါနာက သက်တမ်းတစ်ခုကိုပေးဆပ်ရပြီးပြီ။ ဖီးနစ်ပုံစံကို မက်ဒါနာသုံးလေလေ၊ သူတို့အနားမှာ မက်ဒါနာနေရမယ့်အချိန် ပိုနည်းလာလေလေပါပဲ။ ဒါကြောင့် သူ့ကိုယ်သူအပြစ်ရှိသလို ခံစားလာရတယ်။


 "ဖယ်စမ်း...." 


 "ဟင်..."


 ငွေရောင်စစ်သည်က လီဆာရဲ့ပွေ့ဖက်ထားတဲ့ လက်တွေကို ဖယ်ရှားပစ်လိုက်ပြီး လီဆာရဲ့ခန္ဓာကိုယ်ကို လက်နဲ့တွန်းလိုက်တယ်။ မက်ဒါနာရဲ့အပြုအမူကို နားမလည်နိုင်တာကြောင့် လီဆာက မက်ဒါနာကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်လိုက်တယ်။ အေမီကလည်း မက်ဒါနာကို စပြီးသတိထားစောင့်ကြည့်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now