V3 Chapter 23

43 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V3 Chapter 23 - ရေကစားကွင်း


 'ဒီဟာမလေးက ဘယ်ကတည်းက အခွင့်အရေးစောင့်နေတယ်မသိဘူး။' ရေကစားကွင်း အဝတ်လဲခန်းထဲက ကိုယ်လုံးပေါ်မှန်မှာ ကိုယ့်ကိုယ်ကိုယ်ကြည့်နေရင်းကနေ မက်ဒါနာက မှတ်ချက်ချလိုက်တယ်။ အခုသူက အေမီရွေးပေးထားတဲ့ ရေကူးဝတ်စုံကို စမ်းဝတ်ကြည့်နေတာ။ ဆိုဒ်ရောဒီဇိုင်းရောက အနေတော်ပဲ။


 ရိုးရိုးယဥ်ယဥ်အပြာရောင်လေးဖြစ်ပြီးတော့ အောက်မှာက ရေစိုခံစကပ်ကားကားလေးပါတယ်။ ကျောက

ဟိုက်ပြီး ခါးမှာလည်းအဟလေးပါတာမလို့ ကျောပြင်ရော ခါးဖြူဖြူလေးကိုပါ မြင်နေရတော့တာ။ ရှေ့ပိုင်းကတော့ ရင်အဟိုက်ဟုတ်မနေဘူး။ အဲဒီအစား ရင်ဘတ်တစ်လျှောက် အနားတွန့်လေးတွေနဲ့ဖြစ်ပြီး တော်တော်ချစ်စရာကောင်းတယ်။ 


 "အေမီ၊ နင်ရွေးလိုက်ရင်တော့ ကွက်တိပဲနော်။ ဒီဇိုင်နာနဲ့တိုင်းချုပ်ထားတဲ့အတိုင်းပဲ။"


 မက်ဒါနာက ချီးကျူးလိုက်တော့ အနက်နဲ့အဖြူကိုစပ်ဖောက်ထားတဲ့ ကျောဟိုက်ရေကူးဝတ်စုံလှလှလေးကိုဝတ်ထားတဲ့ အေမီကလည်း ပြုံးပြလိုက်ပါတယ်။


 "မမလေးရဲ့အိမ်စေအနေနဲ့ မမလေးအကြိုက်ကို မသိလို့ဘယ်ဖြစ်ပါ့မလဲ။" 


 အေမီကပြောလိုက်တော့ မက်ဒါနာက ခေါင်းလေးပုတ်ပေးလိုက်ပြီး အဝတ်လဲခန်းအပြင်ကို ထွက်လိုက်ပါတယ်။ သူ့ထက်အရင် အပြင်ကိုရောက်နေတဲ့ လင်ဒါကိုလည်းတွေ့ရတယ်။ လင်ဒါ(ဆိုဖီယာ)ကတော့ သူ့နဲ့လိုက်မယ့် ပခုံးကြိုးတစ်ဖက်ပဲပါတဲ့ ရောင်စုံရေကူးဝတ်စုံကို ဝတ်ထားတာ။ နဂိုကတည်းက အသားက ဖြူဖွေးနေတာမလို့ ပခုံးသားလေးမြင်ရုံနဲ့တင် မက်ဒါနာပြေးကိုက်ချင်စိတ်ပေါက်နေပြီ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သူ့ခြေထောက်ဆင်ဆာက အချက်ပြလာတဲ့အတွက် ငုံကြည့်လိုက်တော့ အတူပါလာတဲ့ ဇွန်ဘီကလေးမလေးက မက်ဒါနာ့ပေါင်ကို ကိုက်ထားနှင့်ပြီ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now