V5 Chapter 40 - နတ်ဆိုးနဲ့အပေးအယူလုပ်ခြင်း

69 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 40 - နတ်ဆိုးနှင့်အပေးအယူ

"ပြီးသွားပြီ..." ယုဆလေး​က ဘုရားကျောင်းနဲ့တွဲလျက်အိမ်လေးထဲမှာရှိနေပြီး ခေါက်လက်စကြိုးကြာပုံ အိုရီဂါမီစက္ကူရုပ်လေးကို အပြီးသတ်လိုက်တယ်။

ဘေးကနေကြည့်နေတဲ့ မိရိုင်လည်း သိပ်လှတဲ့ကြိုးကြာလေးကိုကြည့်ပြီး မျက်လုံးတွေက ကြယ်တွေလိုမျိုး လင်းလဲ့လာပါတော့တယ်။ "အား၊ ယုဆချန်က တအားတော်တာပဲ။ ချစ်စရာလေး၊ ကြည့်နေရင်း အသက်ဝင်လာတော့မလိုပဲ။"

သူတို့နှစ်ယောက်အတူရှိနေတဲ့အချိန်မှာပဲ ထူးဆန်းတာတစ်ခု ဖြစ်လာခဲ့တယ်၊ ကြိုးကြာရုပ်က အသက်ရှိနေသလိုမျိုး သူ့ဘာသာလှုပ်ရှားလာပြီး အတောင်ကိုခတ်ကာ ယုဆလေးဘေးနားမှာ ရစ်ပတ်ပျံဝဲနေတယ်။

"အ... အခုဘာဖြစ်နေတာလဲ။" ယုဆလေး သူ့မျက်စိရှေ့မှာ ဖြစ်နေတဲ့မြင်ကွင်းကို မယုံနိုင်တော့ဘူး။ စက္ကူရုပ်ကလေးက အသက်ဝင်လာပြီး လှုပ်ရှားနေတာ။ မိရိုင်လည်း ပါးစပ်ကို လက်ဝါးနဲ့ကာထားရင်း ယုဆကို စိတ်လှုပ်ရှားနေတဲ့လေသံနဲ့ ပြောလိုက်တယ်။

"မဟုတ်မှလွဲရော... ဆရာက ဒီလိုဖြစ်လာမယ်မှန်း ကြိုသိနေလို့ နင့်ကိုအရုပ်ခေါက်ပညာ လေ့ကျင့်ခိုင်းခဲ့တာလား။"

ယုဆလေးကိုယ်တိုင်က အရုပ်ခေါက်တော်ပေမဲ့ ကိုင်းတိုက ဆွဲဆွဲမြဲမြဲလေ့ကျင့်ခိုင်းလို့ အခုလိုမျိုး နေ့တိုင်းအရုပ်ခေါက်ဖြစ်ခဲ့တာပါ။ မိရိုင်ပြောတဲ့စကားကြောင့် ယုဆလည်း အံ့ဩလို့မဆုံးတော့ဘူး။

"ထပ်စမ်းကြည့်ရအောင်..." ယုဆက ပြောပြောဆိုဆိုနဲ့ နောက်ထပ်ရောင်စုံစက္ကူတစ်ရွက်ယူပြီး ကြိုးကြာထပ်ခေါက်တယ်။ ဒီတစ်ခါလည်း အဲဒီကြိုးကြာလေးက ထပ်အသက်ဝင်လာပြန်တယ်။

"တကယ်ပဲ.... ငါ့မှာတကယ်ပဲ စွမ်းအားရှိလာပြီ မိရိုင်ရေ။" ယုဆက မိရိုင်ကို ဝမ်းသာအားရနဲ့ အတင်းဖက်ထားလိုက်တယ်။ မိရိုင်က စွမ်းအားကြီးမြူတန့်တစ်ယောက်ဖြစ်ပြီး အရင်က ယုဆမှာစွမ်းအားမရှိတာကြောင့် ယုဆတစ်ယောက်အမြဲ အားငယ်နေခဲ့တာ။ အခုတော့ သူတို့နှစ်​ယောက်လုံးက အတူတူဖြစ်သွားခဲ့ပါပြီ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now