V7 Chapter 38

51 7 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 38 - Stress Test

ဥရောပအရှေ့ဘက်ခြမ်းရှိ မိသားစုအိမ်လေးတစ်ခု။

အနက်ရောင်ဂေါ့သစ်ဂါဝန်တိုကို စတော့ကင်အနက်နဲ့ တွဲဝတ်ထားတဲ့ မိန်းကလေးက ဆိုဖာခုံပေါ်မှာထိုင်နေပြီး သူ့ကိုဒူးထောက်ခစားနေတဲ့ မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်တယ်။ ရင်းနှီးနေသူတွေဖြစ်တဲ့ စစ်ပွဲနှင်းဆီနဲ့ ဗီးနပ်စ်တို့ပါ။

"ဒီတော့ နင်တို့နှစ်ယောက်က ငါ့ကိုဥရောပကိုဖျက်ဆီးရာမှာ ကူညီပေးမယ်ပေါ့။"

ခစားနေတဲ့ နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ကြတယ်။ သူတို့မျက်လုံးတွေထဲမှာ အငြိုးအတေးကို အတိုင်းသားမြင်နိုင်ပါတယ်။ ဂေါ့သစ်စတိုင်မိန်းကလေးက ရယ်မောလိုက်တယ်။ သူက ထိုင်ခုံကနေ ထလိုက်ပြီး မိန်းကလေးနှစ်ယောက်ကို ကြည့်ကာပြောလိုက်ပါပြီ။

"နင်တို့ကိုယ်နင်တို့ ငရဲညီအစ်မများလို့ ခေါ်တယ်ပေါ့။ ပြီးတော့ သိပ်ကိုလက်စားချေချင်နေကြတယ်မဟုတ်လား။ ကောင်ပြီလေ၊ ဒီနေ့ကစပြီး မင်းတို့ငါ့ကို အရှင်မလို့ခေါ်ရမယ်။ ငါက မင်းတို့အတွက် ဒီနေ့ကစပြီး ဘုရင်မဖြစ်သွားပြီ။"

ခစားနေသူနှစ်ယောက်လည်း သူတို့ဦးခေါင်းတွေကို ညွှတ်ပြီးတော့ ဂေါ့သစ်မိန်းကလေးအကြိုက် စခေါ်လိုက်တယ်။ "အရှင်မဘာခိုင်းခိုင်းလုပ်ပါ့မယ်။"

"ကောင်းပြီလေ၊ နင်တို့ ဗြိတိန်ကို ဘယ်လိုခိုးဝင်ရမလဲ သိတယ်မဟုတ်လား။ သူတို့တွေက ငါ့ရဲ့လမ်းစဥ်မှာ ဝင်ရှုပ်နေတယ်။ ဒီတော့ နည်းနည်းပါးပါး ဆုံးမပေးမှ ဖြစ်တော့မယ်။"

ဂေါ့သစ်ဂါဝန်နဲ့မိန်းကလေးက အိမ်ရဲ့ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တယ်။ သူတို့ရှိနေတဲ့ အိမ်ကလွဲလို့ ကျန်တဲ့ပတ်ဝန်းကျင်တစ်ခုလုံးက ကမ္ဘာပျက်ကိန်းရုပ်ရှင်ထဲကအတိုင်းပဲ အပျက်အစီးတွေနဲ့ပြည့်နေတယ်။ လမ်းတွေတံတားတွေ ကျိုးကျနေပြီးတော့
လမ်းမပေါ်မှာ အရိုးခေါင်းတွေပုံလို့နေတယ်။

ကျိုင်းကောင်တစ်ပိုင်း လူတစ်ပိုင်းသတ္တဝါတွေက လမ်းမပေါ်မှာ လျှောက်သွားနေပြီး စားလို့ရတာမှန်သမျှ စားသောက်နေကြတယ်။ ကြွက်တွေကစလို့ သစ်ပင်တွေကအဆုံး စားသောက်ထားတာဖြစ်လို့ ရိုမေးနီးယားနိုင်ငံရဲ့မြို့တော် Bucharest တစ်ခုလုံး ပြားပြားဝပ်နေခဲ့ပါပြီ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now