V8 Bonus Chapter 2

51 6 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Bonus Chapter 2: Titan Knight

"အရိုး.... အရိုးခေါင်းကောင်ကြီး။"

မင်းလွင်တစ်ယောက် သူ့ရဲ့ရှေ့မှာရှိနေတဲ့ အရိုးတွေငေါထွက်နေတဲ့ သတ္တဝါကြီးကိုကြည့်ရင်း လက်ထဲမှာကိုင်ထားတဲ့ အိတ်ကိုပစ်ချမိလိုက်တယ်။ အိတ်က ကြမ်းပြင်ပေါ်ကျသွားပြီး သူဝယ်လာတဲ့ ဆော့ပုလင်း၊ ဝက်သားသုံးထပ်သားထုပ်နဲ့တခြားပစ္စည်းတွေ အိတ်ထဲကနေ ထွက်လာတယ်။

အကောင်ဆိုးကြီးရဲ့ရန်ကနေ လွတ်ဖို့အတွက် နောက်ကို
ဖြည်းဖြည်းချင်းဆုတ်လိုက်ပေမဲ့ မမီတော့ဘူး။ အဲဒီအရာက သူ့ကိုမြင်သွားပြီ။ အကောင်ကြီးက ခွေးတစ်ကောင်ကို သတ်စားနေရာကနေ သူ့ကိုလှည့်ကြည့်လိုက်တယ်။ လမ်းပေါ်မှာ သူတို့နှစ်ယောက်ပဲရှိနေတာပါ။

"သေစမ်း၊ သူငါ့ကို မြင်သွားပြီ။" ငယ်ငယ်က အမေပေးခဲ့တဲ့ ကံကောင်းစေတဲ့ သလင်းကျောက်လည်ဆွဲလေးကို သူဆုပ်ကိုင်ရင်း နောက်ကိုလှည့်ပြေးတယ်။ ဒါပေမဲ့ အဲဒီသတ္တဝါက တစ်နာရီကို မိုင်ငါးဆယ်နှုန်းနဲ့ ပြေးနိုင်တဲ့အရာမလို့ မင်းလွင်ပြေးနိုင်တဲ့နှုန်းထက် အများကြီး ကျော်လွန်ပါပေတယ်။

ဖောက်....

အသားထဲကို တစ်စုံတစ်ခုထိုးဖောက်သွားတဲ့အသံကို ကြားလိုက်ရလို့ သူ့ကိုယ်သူငုံကြည့်လိုက်တော့ အရိုးခေါင်းသတ္တဝါရဲ့လက်ဖြူဖြူကြီးက သူ့ဝမ်းဗိုက်ကနေ ဖောက်ထွက်နေပြီးပြီ။ ခန္ဓာကိုယ်ထဲက အားအင်တွေ ယုတ်လျော့သွားသလိုခံစားရပြီး သူမေ့လဲလုနီးနီးမှာပဲ သေနတ်သံတချို့ကို ကြားလိုက်ရတယ်။

ဒိုင်း.... ဒိုင်း... ဒိုင်း....

အရိုးခေါင်းသတ္တဝါက မင်းလွင်ရဲ့ဗိုက်ကိုနှုတ်ထားတဲ့လက်ကို ပြန်ဆွဲနှုတ်လိုက်ပြီး သူ့ကိုသေနတ်နဲ့ပစ်တဲ့သူတွေဘက်ကို လှည့်ကြည့်ကာ မာန်ဖီအော်ဟစ်လိုက်ပါပြီ။ မင်းလွင်ကတော့ ဒူးထောက်ကျသွားပြီး အသက်မရှုနိုင်တော့ဘူး။

"ငါသေတော့မှာလား၊ ငါသေတော့မှာလား၊ ငါသေတော့မှာလား။"

"ငါမသေချင်သေးဘူး၊ ငါမသေချင်သေးဘူး၊ သေမ​သေချင်သေးဘူး။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now