V5 Chapter 41

82 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 41 - အပြီးသတ်

မက်ဒါနာတစ်ယောက် ပြီးဆုံးသွားပြီဖြစ်တဲ့ ပြန်လည်တည်ဆောက်ပြီး အေမီရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တယ်။ သူစက်ပြန်ဖွင့်ပေးဖို့ မဝင့်ရဲသေးဘူး။

သင်္ကြန်ကာလကျော်သွားပြီ၊ အခုနှစ်ဆန်းနှစ်ရက်နေ့ပါ။ ဖရာလီတာရဲ့အကူအညီနဲ့ဗြိတိန်မဟာမိတ်ရဲ့ငွေကြေး အထောက်အပံကြောင့် လိုအပ်နေတဲ့ အစိတ်အပိုင်းတော်တော်များများကို ပြုလုပ်နိုင်ခဲ့ပေမဲ့ အေမီရဲ့ပါဝါခလုတ်ကိုဖွင့်ဖို့ မက်ဒါနာမရဲမဝင့်ဖြစ်နေတုန်းပဲ။

အဲဒီအချိန်မှာပဲ တံခါးပွင့်လာပြီး ဖရာလီတာဝင်လာတယ်။ မက်ဒါနာတစ်​ယောက် အိပ်ရာပေါ်မှာလဲလျက်အနေအထားရှိနေတဲ့ အေမီကို အကြာကြီးစိုက်ကြည့်နေတာမြင်တော့ နားရွက်တက်ချိတ်လုမတတ် ပြုံးပြီးအနားကိုရောက်လာတယ်။

"ဘာလို့ကြောက်နေတာလဲ၊ နင်က အံ့မခန်းပါရမီရှင်တစ်ယောက်ပဲလေ။ စူပါကွန်ပျူတာတစ်လုံးကို ပါဝါဖွင့်ဖို့တောင် ကြောက်နေတာလား။"

ဖရာလီတာရဲ့စကားကြောင့် မက်ဒါနာဘာပြောရမှန်းမသိပေမဲ့ ခေါင်းခါပြလိုက်ပြီး အေမီရဲ့နဖူးပေါ်က ဆံစလေးတွေကို ပုံစံကျအောက် ဖြီးသင်ပေးလိုက်တယ်။

"ငါ့ဘာသာဖန်တီးထားတဲ့အရာတွေဆိုပေမဲ့ သူတို့က ငါ့အတွက်တော့ အကောင်းဆုံးအဖော်မွန်တွေပဲမဟုတ်လား။ သူတို့ထဲကတစ်ယောက် ငါ့သိထားတဲ့အတိုင်း မဟုတ်တော့မှာကို ရင်မဆိုင်နိုင် ဖြစ်နေရုံပါ။"

မက်ဒါနာရဲ့စကားကြောင့် ဖရာလီတာခေါင်းညိတ်ပြီး ခံစားချက်ကိုနားလည်ကြောင်း ဖော်ပြပါတယ်။ အဲဒီနောက်တော့ ဖရာလီတာက အိပ်ရာပေါ်ကအေမီကို ဘေးတစ်စောင်းအနေအထားဖြစ်သွားအောင် လှန်လိုက်ပြီး ဝှီးချဲပေါ်က မက်ဒါနာရဲ့ညာဘက်လက်ကောက်ဝတ်ကို သူ့လက်ကလေးနဲ့ ဆုပ်ကိုင်လိုက်တယ်။

"အရာရာက နင်ထင်သလောက် မဆိုးပါဘူးဟာ။ လုပ်ကြည့်လိုက်ပါ။" ဖရာလီတာရဲ့ဖေးမမှုနဲ့အတူ အေမီ့ ကျောနောက်က ပါဝါခလုတ်ကို လက်ညိုးလေးနဲ့ဖွင့်လိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now