V6 Chapter 10

75 10 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 10 - အလှတရားရဲ့ည

ဟော၊ နောက်တစ်နေ့ရောက်သွားပြန်ပြီ။

မက်ဒါနာ မနက်မိုးလင်းတာနဲ့ ဖုန်းမျက်နှာပြင်ပေါ်က ပြက္ခဒိန်ကိုကြည့်မိတယ်။ ဒီနေ့က ဧပြီလ ၂၇ ရက်နေ့ပါ။ နောက်သုံးရက်ဆိုရင် လကုန်တော့မှာဖြစ်ပြီး မေလကိုရောက်တော့မယ်။

အခုရက်ပိုင်းအတွင်း ဖြစ်ပျက်သွားတာတွေ အများကြီးပဲ။ အခုဆိုရင် မက်ဒါနာက နယူးယောက်ဟီးရိုးကျောင်းရဲ့ကျောင်းအုပ်အသစ်ဖြစ်လာပြီ။ အမေရိကန်ရဲ့အဆင့်အမြင့်ဆုံး မြူတန့်နှစ်ယောက်လုံး ဒီရက်ပိုင်းအတွင်းမှာ သေသွားတယ်။

ပြီးတော့ ဒီနေ့က ​မတွေ့ရတာကြာပြီဖြစ်တဲ့ ဖလေရာနဲ့ သူချိန်းထားတဲ့နေ့ပါ။ ညနေပိုင်းမှ ချိန်းထားတာဖြစ်ပေမဲ့ မက်ဒါနာမှာ တခြားလုပ်စရာတွေရှိနေသေးတယ်။ ဒါပေမဲ့ အပျင်းထူနေတဲ့ မက်ဒါနာတစ်ယောက် အိပ်ရာထဲကကို မထွက်ချင်ဖြစ်နေပြီး ကုတင်ပေါ်လှဲလျက်သားအနေအထားကနေ ဖုန်းမျက်နှာပြင်ကိုသာ အကြာကြီးစိုက်ကြည့်နေမိတယ်။

တစ်ဖက်မှာတော့ အေမီက မက်ဒါနာနိုးနေတာကို သတိထားမိသွားပြီး အနားကပ်လာတယ်။ "မင်္ဂလာနံနက်ခင်းပါ သခင်မလေးရှင့်။ နယူးယောက်စံတော်ချိန် မနက် ၇နာရီရှိပါပြီ။ ဒီနေ့အတွက် ရာသီဥတုခန့်မှန်းချက်ကတော့ နေသာပါမယ်။"

"အေးပါအေမီရယ်၊ ငါခနလောက် ဆက်မှေးချင်လို့ပါ။" အောင်မြင်တဲ့ မင်းသမီးလေးဖြစ်ပြီးတဲ့နောက် မက်ဒါနာတစ်ယောက် နာရီအလန်းတောင် ပေးစရာမလိုတော့ဘူး။ အိပ်ဖန်စောင့်ကြီးအေမီက အခုဆိုရင် အမိန့်ပေးစရာမလိုတဲ့ နာရီအလန်းဖြစ်နေပြီ။ ခါတိုင်းဆိုရင် အေမီက သခင်မလေးအိပ်ရာထပြီးမှ ထတတ်တဲ့ ငပျင်းအိမ်စေမလေးပါ။ အခုတော့ အချိန်မှန်တဲ့ ကောင်မလေးဖြစ်နေပြီ။

မက်ဒါနာက အိပ်ရာထဖို့ ငြင်းလိုက်တော့ အိမ်စေမလေးက အနားကိုပိုတိုးကပ်လာပြီး မက်ဒါနာခြုံထားတဲ့စောင်ကို ဆွဲဖယ်ပစ်လိုက်တယ်။ ဒါကြောင့် စောင်အောက်မှာ တီရှပ်လေးနဲ့ညအိပ်အတွင်းခံအဖြူလေးပဲ ဝတ်ထားတဲ့ မင်းသမီးလေးရဲ့ပေါင်သားဖြူဖြူက မြင်ကွင်းထဲပေါ်လာတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now