V7 Chapter 40

49 6 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 40 - ထိုက်တန်သူ

"မက်ဒါနာ၊ နင်အသက်ရှိသေးတယ်မဟုတ်လား။ အသက်ရှိသေးတယ်မဟုတ်လားလို့။" မျက်နှာကို တစ်ယောက်​​​​ယောက် ဆက်တိုက်ရိုက်နေတာကို ခံစားမိတဲ့အတွက် မက်ဒါနာမျက်လုံးဖွင့်ကြည့်လိုက်တော့ စိုးရိမ်နေတဲ့ ဆိုဖီယာရဲ့မျက်နှာကို မြင်လိုက်ရပြန်ပါတယ်။ ကြည့်ရတာ သူနောက်တစ်ခါ ကျရှုံးခဲ့ပြန်ပြီနဲ့တူတယ်။

"တော်သေးတာပေါ့၊ နင်ဘာမှမဖြစ်လို့။ ငါ့မှာစိတ်ပူလိုက်ရတာ။" မက်ဒါနာ ထထိုင်လိုက်တော့ ဆိုဖီယာလည်း ရင်ထဲကအလုံးကြီးကျသွားပြီး ဘေးမှာအတူဝင်ထိုင်ပါတယ်။

"ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြမလား၊ ငါတို့မှာ အချိန်တွေရှိပါသေးတယ်ဟ။ နောက်ထပ်ပြီးကြိုးစားကြတာပေါ့။"

ဒါပေမဲ့ မက်ဒါနာက တစ္ဆေဝင်ပူးခံနေရတဲ့သူလိုမျိုး ဘာစကားမှမပြောဘဲ ထရပ်လိုက်ပြီး ရေကန်ဆီကို ဆက်လျှောက်သွားတဲ့အတွက် ဆိုဖီယာလည်း အံ့ဩသွားပါတယ်။

"မက်ဒါနာ၊ ငါတို့အိမ်ပြန်ကြမယ်လေ။" ဆိုဖီယာက ပြောလိုက်တော့ မက်ဒါနာက ခေါင်းခါပြလိုက်ပြီး ပြုံးပြလိုက်လေရဲ့။

"ဟေး၊ ဆိုဖီယာရေ။ နောက်ထပ်တစ်ခါထပ်ပြီး ကြိုးစားကြည့်ရအောင်။ ဒီတစ်ခါပါပဲဟာ။"

"မက်ဒါနာ၊ ငါပြောခဲ့တဲ့အတိုင်းပဲ နင့်မှာအဖြေမရှိသေးဘဲ အကြိမ်ဘယ်လောက်ဆင်းဆင်း အတူတူပဲဥစ္စာ။"

ဒါပေမဲ့ မက်ဒါနာက ဆိုဖီယာကို လှည့်ကြည့်လိုက်ပြီး ဝေဝေဝါးဝါးပြုံးပြလိုက်တယ်။ အဲဲဒီနောက်တော့
လက်မထောင်ပြလိုက်ပြီး ခေါင်းလေးကိုစောင်းပြလိုက်တယ်။

"ငါ့မှာ ဒီပြဿနာအတွက် အဖြေမရှိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ နောက်တစ်ကြိမ်ကြိုးစားကြည့်ချင်သေးတယ်။ ငါ့ကို အမြဲကူညီပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

တစ်ဖက်မှာတော့ ဆိုဖီယာက ရေထဲဆင်းဖို့ကြံနေတဲ့
မက်ဒါနာကို တားဆီးချင်နေတယ်။ "ဒါပေမဲ့ ဒီတစ်ခါ
နင့်ကိုကယ်ဖို့အတွက် ငါ့မှာအင်အားမကျန်တော့ဘူးလေ။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now