V9 Chapter 18

31 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 18 - Sheriff


 နျူရေက ဝတ်စုံအဆင့်မြှင့်ဖို့အတွက် ရဲဌာနချုပ် စမ်းသပ်ခန်းကို ဆက်ပြီးအသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားဘာမှလုပ်စရာမရှိတာနဲ့ ဆိုင်းရပ်လည်း နျူရေအလုပ်လုပ်နေတာကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ 


 "အင်း၊ လောလောဆယ် တိုက်ရိုက်အဆင့်မြှင့်တင်တာထက်စာရင် ဒီဇိုင်းနည်းနည်းပြောင်းလို့ပဲရမယ်ထင်တယ်။ ရဲတပ်ဖွဲ့သုံးဝတ်စုံလို့ မြင်ယောင်ကြည့်မယ်ဆိုရင် သူ့ကို ရဲအရာရှိတစ်ယောက်အသုံးပြုတဲ့ လက်နက်တွေတပ်ဆင်ပေးရင် ကောင်းမယ်နဲ့တူတယ်။"


 နျူရေက ကွန်ပျူတာကနေတစ်ဆင့် လင်ဒါနဲ့ဝတ်စုံဒီဇိုင်းကို နည်းနည်းချင်းစပြုပြင်တယ်။ နဂိုက ဝတ်စုံရဲ့ပုံစံဟာ ငွေရောင်စစ်သည်ရဲ့ပုံစံဖြစ်တာကြောင့် အနည်းနဲ့အများယောက်ျားဆန်ပါတယ်။ နျူရေက အဲဒါကိုလုံးဝဖြုတ်ချလိုက်ပြီး ကိုယ်ဟန်အနေအထားကို အမျိုးသမီးရဲအရာရှိတစ်ယောက်နဲ့ ကိုက်ညီစေဖို့အတွက် ပြုပြင်ပြောင်းလဲလိုက်တယ်။


 အဲဒီနောက်တော့ ပေါင်မှာကျည်ကာဖောက်သေနတ်တစ်လက်ကို တပ်ပေးဖို့စီစဥ်လိုက်ပြီး ရဲဌာနချုပ်သုံး လက်နက်မော်ဒယ်တွေထဲက ကျည်ကာဖောက်အားအကောင်းဆုံး Magnum XIII ကို ထည့်သွင်းပေးလိုက်တယ်။ အခုထိအပြင်က ဝတ်စုံကိုမပြင်ရသေးပေမဲ့ ဝတ်စုံက ရုပ်လုံးတော့ပေါ်လာပြီ။


 "ကောင်မလေး၊ မက်ဂနမ်က လက်နက်ကောင်းတစ်ခုပေမဲ့ C rank လက်နက်မဟုတ်လား။ S rank ဝတ်စုံအတွက် အသုံးဝင်ပါ့မလား။"


 ဆိုင်းရပ်ရဲ့အမေးစကားကို နျူရေက လွယ်လွယ်ပဲအတည်ပြုလိုက်တယ်။ "အင်း၊ ဇက်သတ္တုကျည်ဆန်ထည့်ပစ်ရင် နည်းနည်းတော့ပိုအားကောင်းလာနိုင်ပေမဲ့ ကျွန်မက S rank လက်နက်တွေကို မဖန်တီးနိုင်သေးဘူးလေ။ ဆရာမပြန်ရောက်လာမှ ပြကြည့်ပေးမယ်။ အခုကတော့ ဒီဇိုင်းအတွက်အဆင်ပြေမယ့်ဟာတစ်ခုကို ထည့်ပေးထားတာ။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now