V5 Chapter 3

101 12 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 3 - လွှတ်တော်

မက်ဒါနာက လွှတ်တော်လိုက်တက်ပြီး အခြေအနေလိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုဗာနာကို ကူညီမယ်ဆိုရင် ဒီနေရာကနေ စမှဖြစ်မယ်။ မေမေသီတာပြောသလောက် ပလာဒင်ချပ်ဝတ်တွေကို ဆုဗာနာမှာ အလုံးအရင်းထုတ်လုပ်နိုင်တဲ့ စက်မှုစွမ်းအားမျိုး မရှိဘူးဆိုပေမဲ့ ကြိုးစားကြည့်မှ တကယ်ဟုတ်မဟုတ် သိရမှာပေါ့။

လွှတ်တော်ထဲရောက်တော့ မက်ဒါနာအတွက် သီးသန့်နေရာတစ်ခုမရပါဘူး။ အစကတည်းက သူဟာနန်းမွေခံနေရာ​ကို လက်လွှတ်ပြီးဖြစ်တာကြောင့် ရာထူးရာခံမရှိသလို ပြောရေးဆိုခွင့်လည်း ရှိမနေပါဘူး။ ဒါပေမဲ့ သူ့ဝှီးချဲလေးကိုတွန်းပြီး ကောင်စုတ်လေးဒီပဘေးမှာ သွားရပ်နေလိုက်တယ်။

"အစ်မကြီး... လွှတ်တော်မှာ ဘာလာလုပ်တာလဲ။"

"နင်တို့ကို ကူညီမလို့လေ။"

"....." ကောင်စုတ်လေးက တစ်ခုခုပြောချင်ပုံရပေမဲ့ ဝန်ကြီးတွေရဲ့မျက်လုံးနီကြီးတွေ ကျရောက်လာတဲ့အတွက် ပါးစပ်ပိတ်သွားတယ်။ နယ်စားကြီးလည်း သူတို့ဖက်ကို ကြည့်ပြီးပြောတယ်။

"မြေးမလေး... နောက်နည်းနည်းဆုတ်လိုက်ပါလား။ ထုံးတမ်းအရဆိုရင် သာမန်မင်းသားမင်းသမီးတွေကနန်းမွေခံမင်းသားနဲ့ အဆင့်မတူဘူးလေ။"

ဒါကြောင့် ဒီလူတွေငါ့ကို ဝိုင်းကြည့်နေတာကိုး၊ မက်ဒါနာ စိတ်ညစ်ညစ်နဲ့ ဝှီးချဲကိုနောက်ပြန်တွန်းရင်း ဒီပနောက်မှာ ရပ်ထားလိုက်တယ်။ 'ချီး၊ ဒီပဒေသရာဇ်စနစ်ကြီးက အလုပ်ရှုပ်လိုက်တာ။ ဝှီးချဲတွန်းရတာ မောရော။' မက်ဒါနာတစ်ယောက် လွှတ်တော်တက်ပြီးရင် ဝှီးချဲကိုမော်တာအရင်တပ်ဖို့ ဦးစားပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

မေမေသီတာကတော့ လွှတ်တော်တံခါးမပိတ်ခင် သူ့သမီးလေးကို ကံကောင်းပါစေဆိုတဲ့အထာနဲ့ လက်ပြပြီး ထွက်သွားတယ်။

သိပ်မကြာခင်မှာပဲ လွှတ်တော်ကြားနာမှုကို စတင်ပါတယ်။ ဝန်ကြီးတွေနဲ့အမတ်တွေက စစ်ရေးအ​ခြေအနေကို စရှင်းပြပြီး မက်ဒါနာလည်း နားထောင်နေပါတယ်။ တော်တော်များများက ရှုပ်ထွေးတယ်ဆိုပေမဲ့ အကြမ်းဖျင်းပြောရရင် ဆုဗာနာရဲ့အခြေအနေက တော်တော်ဆိုးဝါးနေတာ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now