V9 Chapter 23

21 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 23 - ထာဝရအသက်ပုံပြင်


 အချစ်ဆိုတာက လူတွေကိုရော နတ်ဘုရားတွေကိုပါ ရူးမိုက်စေတတ်တဲ့အရာပဲ။ လောကမှာ အသိစိတ်ရှိတဲ့သတ္တဝါတိုင်း အချစ်ဆိုတဲ့ခံစားချက်ကို ပိုင်ဆိုင်ကြတယ်။ နတိဘုရားတွေအတွက်လည်း ခြွင်းချက်မဟုတ်ဘူး။

 အချိန်စကြဝဠာရဲ့ကြာညောင်းလာပြီဖြစ်တဲ့ ကာလတစ်ခုမှာ အဖြူရောင်လေလွင့်နတ်ဘုရား၊ ပိုင်ကျိုးဆိုတဲ့ နတ်ဘုရားတစ်ပါးရှိခဲ့ဖူးတယ်။ အထီးကျန်မှုရဲ့ဝါးမျိုခြင်းကို ခံနေရတဲ့သူတစ်ယောက်။ နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေပဲ ပြည့်နှက်နေခဲ့တဲ့ လူတစ်ယောက်ပေါ့။

 သူသာ သေဆုံးသွားတဲ့ ချစ်သူသေမျိုးမိန်းကလေးကို ပြန်အသက်သွင်းဖို့အတွက် မရဏဘုံကိုခိုးဝင်ခဲ့တယ်။ နတ်ဘုရားတို့ရဲ့ဘုရင်မတောင် ဝင်ပြီးပြန်မထွက်လာနိုင်ခဲ့တဲ့ နေရာကိုပေါ့။

 တစ်နေ့တော့ မရဏဘုံမှာ လှည့်လည်သွားလာနေရာကနေ သေခြင်းတရားကိုဆန့်ကျင်တဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေတဲ့ သစ်ပင်တစ်ပင်ကို ရှာတွေ့ခဲ့တယ်။ အဲဒီအငွေ့အသက်တွေက ထာဝရရှင်သန်မှုကိုမပေးသလို အသက်ကိုလည်းမရှည်စေပါဘူး။ အဲဒီအစား သက်ရှိတွေကို သေမင်းလာမခေါ်နိုင်အောင် ဟန့်တားပေးရုံပါပဲ။

 နတ်ဘုရားက ဒီသစ်ပင်ကိုခုတ်လှဲနိုင်ရင် သေခြင်းတရားကိုဆန့်ကျင်ပြီး သူ့ချစ်သူကို အသက်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ သူ့လက်ထဲမှာ ပုဆိန်တစ်လက်ကိုဖန်တီးပြီး မသေသစ်ပင်ကို ခုတ်လှဲဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မျက်စိရှေ့မှာမြင်နေရတဲ့သစ်ပင်ဟာ သစ်ပင်မဟုတ်မှန်းတော့ သူမသိခဲ့ပါဘူး။

 သူသစ်ပင်ကို ခုတ်လှဲဖို့ကြိုးစားတဲ့အချိန်မှာပဲ မရဏဘုံရဲ့မြေပြင်ဟာ လှုပ်ခါသွားခဲ့ပြီး ကမ္ဘာတစ်ခုလုံးကို ရစ်ပတ်ထားနိုင်တဲ့ မြွေနဂါးမိစ္ဆာကြီး မရဏဘုံအခင်းကြမ်းပြင်ကနေ နိုးထလာတာ သူမြင်ခဲ့ရတယ်။

 "ငါ့ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကို ခုတ်ဖို့ကြိုးစားတာ အသင်လား။" မြွေနဂါးကြီးက အဖြူရောင်နတ်ဘုရားကို မေးခဲ့တယ်။ လူသားတွေအဖို့ မြင်းမိုရ်တောင်သဖွယ်မြင့်မားလှတဲ့ လေလွင့်နတ်ဘုရားဟာ မြွေနဂါးကြီးရဲ့ရှေ့မှာ ပုရွက်ဆိတ်သာသာပဲရှိပါတော့တယ်။ မြွေနဂါးကြီးဆီကနေ ထွက်ပေါ်နေတဲ့ ဆိုးယုတ်ခြင်းစွမ်းအင်တွေက သက်ရှိအပေါင်းကို ရှင်သန်နေရာကနေ သေခြင်းနဲ့ရှင်ခြင်းကြားမှာရှိနေတဲ့ သတ္တဝါတစ်မျိုးအဖြစ်ကို ချက်ချင်းပြောင်းပစ်နိုင်တဲ့အထိ စွမ်းအားကြီးတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now