V8 Chapter 28

39 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 28 - စိန်ခေါ်တိုက်ပွဲ


 မက်ဒါနာတို့က စားပွဲခုံမှာပဲ ဆက်ထိုင်နေပါတယ်။ ဒါပေမဲ့ ထူးခြားမှုကို သတိထားမိကြတယ်။ အနားမှာရှိနေတဲ့ ပိုးကောင်အရေခြုံတွေက တစ်နေရာကိုမျက်နှာမူကာ နေရာမှာတင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လို့ ဦးညွှတ်လိုက်ကြပါပြီ။


 "ဒါမှနှစ်ဖက်အင်အားစုတွေ ထိပ်တိုက်တွေ့ပြီးဆွေးနွေးတာ ဖြစ်မှာပေါ့။" ဖရာလီတာက မြို့တော်ဝန်အိမ်ထဲကနေ ထွက်လာတဲ့ ကီမိုနီနဲ့ဥစာကနဲ့ အနက်ရောင်ချပ်ဝတ်ကို ဝတ်ထားတဲ့ ​ဘာရွန်ကိုကြည့်ပြီး ပြောတယ်။ မက်ဒါနာကတော့ အဲဒီမြင်ကွင်းကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်တယ်။


 ဥစာကီရဲ့ပုံစံက အများကြီးစိတ်ဆင်းရဲနေသလိုပဲ။ မိရိုင်ကတော့ ဥစာကီကိုတွေ့တာနဲ့ ထိုင်ခုံကနေထပြီး ပြေးသွားတယ်။ ဘာရွန်က ကောင်မလေးကို စီးပြီး တိုက်ဖို့လုပ်တဲ့အတွက် ဖရာလီတာက လက်ပတ်ကိုထိပြီး အသွင်ပြောင်းဖို့ကြိုးစားတယ်။ အသွင်ယူပိုးကောင်တွေကလည်း သူတို့ပိုးကောင်သွင်ပြင်ကို ​ထုတ်ပြပြီး အနားကကျောင်းသားတွေကို တိုက်ခိုက်ဖို့ပြင်တယ်။ ငြိမ်းချမ်းရေးမဟာမိတ်ရဲ့စစ်နတ်သမီးတွေကလည်း သူတို့ကို အလင်းဒြပ်စင်လက်နက်တွေနဲ့ ပြန်ချိန်ထားလိုက်တယ်။ တစ်ဖက်နဲ့တစ်ဖက်က တစ်ယောက်ယောက်စည်းကျော်တာနဲ့ ပစ်ဖို့အသင့်ပဲ။


 "ဘာရွန်၊ သူတို့က ဒီကိုဆွေးနွေးဖို့လာတာ။ ငါတို့ သဘောတူပြီးပြီမဟုတ်လား။" 


 ဥစာကီက ဘာရွန်ကို ရန်ဆောင်တဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်တယ်။ ဘာရွန်က နှုတ်ခမ်းကိုကိုက်ပြီး မိရိုင်ကို ရန်ပြုဖို့မြှောက်ထားတဲ့လက်ကို ပြန်ချလိုက်တယ်။ ဖရာလီတာလည်း လက်ပတ်ကိုပြန်ပြီး နှမ့်ထားလိုက်မှ ပိုးကောင်တွေနောက်ဆုတ်သွားတယ်။ စစ်နတ်သမီးတွေလည်း သတိအနေအထားနဲ့ ပြန်နေနေလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now