V8 Chapter 2

49 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 2 - အန္တရာယ်သစ်

"မမလေး၊ ထမင်းမစားဘဲ အလုပ်ကိုအချိန်အကြာကြီးလုပ်နေတာ မကောင်းဘူးမဟုတ်လား။ လာ၊ ကျွန်မကင်ထားတဲ့ ငါးသံပုရာကင်မွှေးမွှေးလေးနဲ့ ညနေစာစားလိုက်တော့နော်။"

အေမီက လက်ထဲမှာ ငါးသလောက်ငါးကင်ဗန်းကို ကိုင်ထားရင်းနဲ့ ဝတ်စုံကို အဆင့်မြှင့်နေတဲ့ မက်ဒါနာနောက်ကနေ ပြေးလိုက်နေရတယ်။ မက်ဒါနာနဲ့အတူ ဒရုန်းဇုန်လည်းရှိနေပြီး ဝတ်စုံရဲ့ဆင်ဆာတွေကို အဆင့်မြှင့်တပ်ဆင်ဖို့ ကူညီနေရတယ်။

"စားပွဲပေါ်မှာ တင်ထားလိုက်၊ ခနနေရင်ပြီးတော့မှာ ပြီးမှအတူတူစားကြတာပေါ့။"

မက်ဒါနာက အေမီကိုပြောလိုက်ပြီးတော့ နောက်ဆုံးတပ်ဖို့ကျန်တဲ့ အစိတ်အပိုင်းတစ်ခုကို ဝတ်စုံမှာစတပ်တယ်။ ဒရုန်းဇုန်ကလည်း လာကူညီပေးတယ်။ မကြာခင်မှာပဲ ဝတ်စုံမှာအစိတ်အပိုင်းသစ်တွေ တပ်ဆင်တာပြီးသွားပြီး ငွေရောင်စစ်သည်ဝတ်စုံက ပိုပြီးခမ်းနားသွားတယ်။

"ရပြီ၊ ဒီလောက်ဆိုရင် ဖီးနစ်ပုံစံရဲ့အပူချိန်ကို ငါ့ဝတ်စုံက ခံနိုင်သွားလောက်ပြီ။" မက်ဒါနာက ခါးထောက်ရင်း ပြောလိုက်ပါတယ်။ အေမီကလည်း အနားကိုလာပြီး စပ်စုတယ်။

"မမလေးက ဝတ်စုံကို အဆင့်မြှင့်လိုက်တယ်ပြောပေမဲ့ သိပ်အများကြီး ပြောင်းလဲသွားပုံလဲမရဘူးနော်။ ဘာတွေထပ်ထည့်လိုက်တာလဲ။"

မက်ဒါနာက ခါးကိုရှေ့ကိုင်းပြီး ဝတ်စုံကိုအနီးကပ်ကြည့်နေတဲ့ အေမီရဲ့ခေါင်းကို သာသာလေးပုတ်လိုက်ပါတယ်။ ပြီးတဲ့နောက်...

"လန်ဒန်မှာတုန်းက ဓားထဲမှာရှိနေတဲ့ ဖီးနစ်ဝိညာဥ်က သူ့စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်ဖို့ ငါ့ရဲ့ချပ်ဝတ်ကို ဖိအားပေးပြီးတော့ ပုံပြောင်းပစ်ခဲ့တယ်။ ငါ့ဝတ်စုံက အတော်လေးဒဏ်ခံနိုင်ပေမဲ့ သားရဲတွေရဲ့စွမ်းအားနဲ့ ပေါင်းစပ်ပြီးလှုပ်ရှားနိုင်အောင် ဒီဇိုင်းဆွဲထားတာ မဟုတ်ဘူးလေ။ ဒီတော့ ဖီးနစ်ပုံစံသုံးပြီး မကြာခင်မှာပဲ ဝတ်စုံကို အတော်လေးထိခိုက်သွားတယ်။"
"အဲဒီလိုလား။ ဒါဆိုဒီဝတ်စုံက သားရဲဝိညာဥ်တွေနဲ့ပေါင်းပြီး ဟန်ချက်ညီညီလှုပ်ရှားနိုင်ဖို့ ပြင်ဆင်ထားတဲ့ဗားရှင်းပေါ့။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now