V9 Chapter 2

37 3 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 2 - ဆိပ်​ကမ်းပြာ

၁၁နာရီကျော်ကြာအောင် လေယာဥ်စီးလာပြီးတဲ့နောက်မှာတော့ Sao Pauloမြို့ရဲ့လေဆီပ်ကို ခြေချမိကြပြီ။ လေဆိပ်က အတော်သားနားတယ်။ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ပြီးနောက် သူတို့တွေ လေဆိပ်ပင်မခန်းမထဲ ရောက်လာကြတယ်။

"အံ့မခန်းပဲ။ နိုင်ငံထဲမှာဖြစ်နေတဲ့ ပိုးကောင်စစ်ပွဲသတင်းတွေကို နိုင်ငံတကာလေဆိပ်မှာ တိုက်ရိုက်ပြနေတာလား။"

မက်ဒါနာက ပင်မခန်းမကြီးထဲမှာ မျောလွင့်နေတဲ့ လက်မနှစ်ရာကျော်ကျယ်တဲ့ တီဗီကြီးတစ်ခုကိုကြည့်ရင်း အံ့ဩတကြီးပြောလိုက်တယ်။ ပင်မခန်းမကြီးထဲမှာ ခေတ်ရှေ့ပြေးမျောလွင့်တီဗီပေါင်း တစ်ဒါဇင်ထက်မနည်းရှိနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ဂွိုင်အာပြည်နယ်နားက ပိုးကောင်နဲ့မဟာမိတ်စစ်ပွဲကို ပြသနေတာပါ။

"ဟုတ်၊ လက်ရှိဘရာဇီးနိုင်ငံသမ္မတ မာရီယာ အန်တိုနီယိုက လူစိတ်ဓာတ်မကျစေဖို့ သူတို့တိုက်ခိုက်နိုင်သေးတယ်ဆိုတာပြဖို့ အခုလိုအမိန့်ပေးထားတာလို့ ပြောပါတယ်။" အေမီက အထုပ်အပိုးတွေသယ်လာရင်း မက်ဒါနာရဲ့ဘေးမှာရပ်ပြီး ပြောလိုက်တယ်။

တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ မဟာမိတ်က ဘရာဇီးကိုထောက်ပံထားပေမဲ့ စစ်နတ်သမီးတွေ၊ ဘရာဇီးရဲ့ဟီးရိုးတွေနဲ့ စစ်သည်တွေက ထောင်သောင်းချီတဲ့ ပိုးကောင်တွေကိုယှဥ်ပြီးတိုက်နေတယ်။ မကြာခင်မှာပဲ မိုးပေါ်ကနေ ဧရာမနဂါးကြီးတစ်ခုပေါ်လာပြီး အတောင်ပံကိုခတ်လိုက်ပါပြီ။ လေမုန်တိုင်းတစ်ခုက တိုက်ပွဲနေရာမှာ ချက်ချင်းပေါ်လာပြီး ပိုးကောင်တစ်ဝက်လောက် မြောက်တက်လာတယ်။ အဲဒီနောက် နဂါးက လေထဲမှာ ခြေကားယားလက်ကားယားဖြစ်နေတဲ့ ပိုးကောင်အုပ်ထဲဝင်ပြီး တစ်စစီကိုက်ဖြတ်ပစ်တော့တာပဲ။

"လီဆာလား၊ သူ့ရဲ့တိုက်ရည်ခိုက်ရည်က တိုးလာတာပဲ။" မက်ဒါနာက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ အေမီကလည်း သတိပေးလိုက်တယ်။

"မမလေး၊ အချိန်ရှိတုန်း Sao Pauloကနေ ရီယိုဒီဂျနေးရိုးကို သွားကြရအောင်။ တိုက်ပွဲပြီးသွားရင် သူအဲဒီကို ပြန်လာလိမ့်မယ်ထင်တယ်။"

"အင်း။" မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ပြသနေတဲ့ တိုက်ပွဲကို သူတို့အဆုံးအထိကြည့်စရာမလိုပါဘူး။ လီဆာက သာမန်ပိုးကောင်တွေကို အသာလေး အနိုင်ယူပစ်နိုင်စွမ်းရှိပြီး ပိုးကောင်ဗိုလ်ချုပ်တွေပေါ်မလာသမျှ အဆင်ပြေနေမှာပါ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now