V6 Chapter 5

69 11 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 5 - ကသောင်းကနင်း

ဖလိမ်းဂါးဒီးယမ်းက နောက်ထပ်မီးတောက်တွေနဲ့ ဆက်ပစ်ခတ်လိုက်ပေမဲ့ ကပ္ပတိန်စတိတ်မန်းက လက်ခုပ်တစ်ချက်တီးလိုက်တယ်။ ကပ္ပတိန်စတိတ်မန်းနားက လေထုက ချက်ချင်းပုံပျက်ယွင်းသွားပြီး လေလှိုင်းဓားသွားတွေအဖြစ်ကို ပြောင်းသွားကာ စတိတ်မန်းရဲ့မီးတောင်​တွေကို ဖယောင်းတိုင်မီးမှုတ်သလို ငြှိမ်းပစ်လိုက်တယ်။

"တကယ်ကြီးလား..." ဖလိမ်းဂါးဒီးယမ်းက အံ့ဩသွားပြီး သူ့ခေါင်းကိုစောင်းငဲ့ကြည့်တယ်။ နောက်တော့ သူ့သွားဝါဝါတွေပေါ်တဲ့အထိ သဘောတကျရယ်မောလိုက်ပြီး စတိတ်မန်းကို ချီးကျူးလိုက်လေရဲ့။

"ဒါမှ မဟာလူသား ၄၇ယောက်ထဲက ထိပ်ဆုံးတစ်ယောက် ပီသမှာပေါ့။" ဖလိမ်းဂါးဒီးယမ်းက ပြောပြောဆိုဆိုနဲ့ သူ့ခန္ဓာကိုယ်ကြွက်သားတွေကို ဖျစ်ညှစ်လိုက်တယ်။ ငွေရောင်မီးတောက်တွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေပြီ။

မယ်လီလည်း S rank နှစ်ယောက်ရဲ့တိုက်ပွဲနားမှာ ဆက်မနေရဲတော့ဘဲ တိုက်ခန်းထဲကနေ ထွက်ခွာသွားတယ်။ ဖလိမ်းဂါးဒီးယမ်းက စတိတ်မန်းကိုကြည့်ပြီး ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

"အခုအမေရိကန်မှာ S rank ဆိုလို့ ခင်ဗျားနဲ့ကျုပ်နှစ်ယောက်ပဲ ရှိတော့တာမဟုတ်ဘူး။ ခင်ဗျားရဲ့နယူးယောက်အစည်းအရုံးက ကျုပ်ရဲ့မြူတန့်ဌာနကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိရဲ့လား။"

"မင်းစမ်းကြည့်နိုင်တယ်..." စတိတ်မန်းက သူရပ်နေတဲ့နေရာကနေ ပျောက်သွားတယ်။ အသက်အကြီးဆုံး S rank ဟီးရိုးအနေနဲ့ စတိတ်မန်းက သက်လုံပိုင်းမှာ ဖလိမ်းဂါးဒီးယမ်းကို မယှဥ်နိုင်ပါဘူး။ ဒါကြောင့် သူက ပွဲကိုမြန်မြန်အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်။

ဖလိမ်းဂါးဒီးယမ်းကလည်း အသင့်အနေအထားပြင်ထားပြီး သူ့လက်ကိုမြှောက်ကာ ရုတ်တရက်အပေါ်ကနေ တိုးဝင်လာတဲ့ စတိတ်မန်းရဲ့လက်သီးကို တားဆီးလိုက်တယ်။ ဒါပေမဲ့ စတိတ်မန်းက ပြုံးလိုက်ပြီး သူ့လက်သီးက မဆိုသလောက်လေးနှေးကျသွားတယ်။ အဲဒီနောက်တော့ စတိတ်မန်းကိုဦးတည်ပြီး လက်ဖျောက်တီးချလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now