V8 Chapter 10

44 5 0
                                    


ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 10 - သူရူး

အနက်ရောင်စစ်သည်နဲ့နဂါးပြာက ပြိုင်တူပြေးထွက်လာပြီး ပထမဆုံးတိုက်ကွက်ကို ဖလှယ်လိုက်တယ်။ သူတို့ရပ်​နေတဲ့ မြေပြင်ကွဲထွက်သွားပြီး သက်​ရောက်အားလှိုင်းတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်နှံသွားတယ်။ လီဆာက နဂါးလက်သည်းကိုသုံးပြီး အနက်ရောင်စစ်သည်ရဲ့မျက်နှာကို လှမ်းကုပ်တယ်။
အနက်ရောင်စစ်သည်ကလည်း ပုဆိန်နဲ့တားလိုက်ပြီး
​ဘယ်ခြေကိုဆန့်ထုတ်ကာ လီဆာရဲ့ရင်ဘက်ကိုကန်တယ်။ လီဆာက နည်းနည်းခြေပျက်သွားပေမဲ့ အနက်ရောင်စစ်သည်ရဲ့ပခုံးကို ဆောင့်ဆွဲလိုက်ပြီး အဝေးကို လွှင့်ပစ်လိုက်တယ်။

"နင်မတိုက်နိုင်ဘူးမဟုတ်လား၊ ပြေး။"

လီဆာက ဆိုဖီယာကိုပြောလိုက်ပြီး ခြေထောက်နဲ့နဂါးတောင်ပံသက်သက်ကို အားပြုပြီးခုန်တက်ကာ
အနက်ရောင်စစ်သည်နောက်ကိုလိုက်တယ်။ အနက်ရောင်စစ်သည်က မြေပေါ်ကထလာရုံပဲရှိသေးပေမဲ့
လီဆာက ညာလက်သီးကိုဆန့်တန်းပြီး လေထုထဲကနေ ဆင်းသက်လာနေပြီဖြစ်တာကြောင့် ရှောင်လိုက်ရတယ်။

ဘုန်း....

လီဆာရဲ့လက်သီးက မြေကြီးကိုပဲထိသွားတယ်။ ရေဂင်က လည်ရဲ့ခေါင်းကို ပုဆိန်နဲ့ခုတ်တယ်။ လီဆာက
လက်ဖျံနဲ့တားလိုက်ပြီး ရေဂင်ရဲ့ရင်ဘတ်ကိုထိုးချတယ်။ ရေဂင်နောက်ကို နည်းနည်းယိုင်သွားပေမဲ့ လီဆာအသာစီးယူလို့မရအောင် ဓားပျံသုံးခုက လှုပ်ရှားလာပြီး လီဆာကို စတိုက်တယ်။

လီဆာက လက်နှစ်ဖက်ကိုပူးလိုက်တယ်။ သူ့လက်က ဓားတစ်လက်ကို ခုခံလိုက်နိုင်ပြီး သတ္တုချင်းထိခတ်မိသံထွက်ပေါ်လာတယ်။ သူ့အတောင်ပံတွေကလည်း လှုပ်ရှားလာပြီး လေအားနဲ့ကျန်တဲ့နှစ်လက်ကို ခတ်ထုတ်လိုက်နိုင်တယ်။ ခံစစ်ပြီးသွားတဲ့အခါမှာတော့ ရေဂင်ကို အံ့ဩစေမယ့်တိုက်ပွဲတစ်ခုရှိနေပါပြီ။

ဝုန်း....

လီဆာရဲ့မျက်လုံးတွေက ထောင်လိုက်ကနေ အဝါရောင်လင်းလတ်သွားပြီး လေပြင်းတစ်ချက်ကိုပါးစပ်ကနေ မှုတ်ထုတ်လိုက်တယ်။ လေပြင်းက အင်အားကြီးလွန်းလို့ ပတ်ဝန်းကျင်က သစ်ပင်တွေအားလုံး အမြစ်ကလန်သွားပြီး တောင်တွေကတုံးဖြစ်သွားတယ်။ ဒါပေမဲ့ အနက်ရောင်စစ်သည်က လွင့်ပါမသွားဘဲ လက်ကိုဆန့်ထုတ်ကာ အနီရောင် အလင်းဒြပ်စင်ဒိုင်းတစ်ခုကိုထုတ်ပြီး ခုခံရုံသာခုခံလိုက်ပါတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now