V7 Chapter 25

53 6 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 25 - စပိတ်ဂိုဏ်း

မက်ဒါနာတို့ ဆိုင်ထဲဝင်လိုက်တော့ ကလေးအုပ်စုက ပြတင်းပေါက်နဲ့နီးတဲ့ ထိုင်ခုံနှစ်ခုံကို ပူးလိုက်ပြီးတော့
အတူထိုင်နေကြတယ်။ ဘရီစာကတော့ ကလေးတွေ
ကြားမှာ ထင်းထွက်နေတယ်။ အမျိုးသမီးအနေနဲ့ဆိုရင် ဘရီစာက ဒေါင်ကောင်းတဲ့အထဲမှာပါတာမလို့ ဆယ်ကျော်သက်တွေထဲမှာ ထင်းထွက်နေတာ။

"ဝိုး... အမိုက်စားအစ်မကြီးပဲ။" တင်မီက ထုံးစံအတိုင်းပဲ ဘရီစာကို တွေ့တာနဲ့ လေချွန်လိုက်ပါတယ်။ ဒါပေမဲ့ ဘရီစာဘေးမှာထောင်ထားတဲ့ ငွေရောင်ဒိုင်းကြီးကိုမြင်တော့ ချက်ချင်းတံထွေးမျိုချပြီး မက်ဒါနာဘက်ကို လှည့်ကြည့်တယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ကလေးအုပ်စု သူ့ကိုမြင်မသွားအောင်လို့ သွက်သွက်လေးလျှောက်ပြီး ချောင်နည်းနည်းကျတဲ့ ခုံမှာဝင်ထိုင်တယ်။ တင်မီကတော့ သူ့ကိုမကြည့်ဘဲ တခြားမိန်းကလေးတစ်ယောက်ကို ကြည့်မိလို့ စိတ်ဆိုးသွားတယ်ပြီး နောက်ကနေ အပြေးလိုက်လာလာတော့တာပေါ့။

"ဒါနဲ့ဘေဘီက ဝီလီယံစပေါ့ကို ဘာသွားလုပ်မှာလဲ။"

  ပြောရရင် ဝီလီယံစပေါ့က မြို့ကြီးပြကြီးမဟုတ်တာကြောင့် အမဲလိုက်ရာသီချိန်လောက်ပဲ လူစည်တာ။ ကျန်တဲ့အချိန်တွေဆိုရင် ပင်စင်စားစစ်ပြန်တွေလောက်ပဲ နေတဲ့မြို့လေ။ မက်ဒါနာလိုငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် အဲဒီမြို့ကိုသွားဖို့ပြင်နေတာ အတော်ထူးဆန်းတယ်။ မက်ဒါနာက သူနဲ့အတူယူလာတဲ့ ဝတ်စုံသေတ္တာကြီးကို ပုတ်ပြလိုက်ရင်း ​ပြောလိုက်ပါတယ်။

"နင့်လိုပဲ အမဲလိုက်မလို့လေ၊ အနောက်ပိုင်းပြည်နယ်တောအုပ်က တောကောင်ပေါတယ်မဟုတ်လား။"

  မက်ဒါနာက တင်မီအမဲလိုက်ဖို့လာတယ်ဆိုတာကို နည်းနည်းလေးမှမယုံဘူး။ ပြောရရင် ကားပေါ်မှာ ဘာလက်နက်မှမတွေ့သလို ဒီကောင်က ဖွန်ကြောင်တာအပြင် ဘာမှတတ်တာမဟုတ်ဘူးရယ်။ တင်မီက လက်နက်သေတ္တာကြီးကိုကြည့်ရင်း မျက်ခုံးပင့်လိုက်တယ်။

"မင်းက ကောင်းဘွိုင်လိုဝတ်ထားတာ မထူးဆန်းတော့ဘူးပဲ။ ခပ်ကြမ်းကြမ်းကောင်မလေးပဲ။ အထဲက ဒူးလေးလား၊ ရိုင်ဖယ်လား။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now