V9 Chapter 12

27 2 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 12 - အာရှပျစားပိုး


 မက်ဒါနာက စားပွဲထိုးက ဟင်းပွဲတွေ စားပွဲပေါ်ကျနေတာကိုကြည့်ရင်း အကုန်လုံးပြီးသွားတော့မှ နောက်ကနေထပြီး ခေါင်းကိုနောက်ကနေ ဆုပ်ဆွဲကာ စားပွဲနဲ့မျက်နှာကို ရိုက်ချလိုက်တယ်။

 ဖြောင်း...

 "မမလေး..." မက်ဒါနာရဲ့ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် မက်ဒါနာမျက်လုံးပြူးသွားတယ်။ စားပွဲထိုးကောင်လေးကတော့ အသံတစ်ချက်မှထွက်မလာဘဲ ကြမ်းခင်းပေါ်ကို ကွေးကွေးလေးလဲကျသွားတယ်။ စားပွဲက မှန်အုပ်ထားတာမဟုတ်ဘဲ သစ်သားမလို့သာ တော်တော့တယ်။

 "ဘာမှမပူနဲ့၊ ငါ့လက်စငါသိတယ်။ နောက်နာရီဝက်လောက်ကြာရင် သူ့ဘာသာနိုးလာလိမ့်မယ်။" မက်ဒါနာက အေမီကို ပြန်ဖြေလိုက်ရင်းနဲ့ နာကျင်နေတဲ့လက်ကို တဖျောက်ဖျောက်ချိုးလိုက်တယ်။ အေမီကတော့ လက်ကလေးကို ပါးစပ်နားအုပ်ထားရင်းကနေ စိုးရိမ်တဲ့အကြည့်နဲ့ ပြောပါတယ်။

 "သူအဆင်ပြေမှန်းမသိပေမဲ့ မမလေးဒီလိုမျိုး ထလုပ်လိမ့်မယ်လို့ တကယ်မျှော်လင့်မထားလို့ပါ။"

 အေမီက သူ့သခင်မလေးနားမှာ တာဝန်ထမ်းဆောင်နေတာ အတော်ကြာခဲ့ပြီဆိုပေမဲ့ အခုအချိန်ထိ သူ့သခင်မလေးရဲ့အပြုအမူတွေကို ရာနှုန်းပြည့်မခန့်မှန်းနိုင်သေးဘူးရယ်။

 "ဒီနေရာက ပိုးကောင်တွေစိုးမိုးထားတဲ့နေရာ ဖြစ်နိုင်တယ်လို့ နင်ပြောတယ်မဟုတ်လား။ ဒီအတိုင်းထားလို့ ဘယ်ဖြစ်ပါ့မလဲ။ ပိုးကောင်နှိမ်နင်းရေးလေးဘာလေးလုပ်မှ အဆင်ပြေမှာပေါ့။"

 မက်ဒါနာက ပြောပြောဆိုဆိုနဲ့ စားပွဲပေါ်မှာချထားတဲ့ ပေါင်မုန့်ဝါဝါအဝိုင်းလေးတစ်ခုကို လက်နဲ့ကိုင်ပြီးစားဖို့လုပ်တာနဲ့ အေမီကလည်း ဖမ်းတားလိုက်ပါလေရော။

 "မမလေး၊ ပြောရင်းဆိုရင်းနဲ့မေ့သွားတာလား။ ဒီနေရာက ရန်သူ့နယ်မြေလေ။ မနက်စာထဲ အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်မလဲ။"

"အေး၊ ဟုတ်သားပဲ။" မက်ဒါနာလည်း ခုမှသတိပြန်ဝင်လာတဲ့အတွက် အေမီ့လက်ထဲကို ပေါင်မုန့်လုံးထည့်ပေးလိုက်တယ်။ အေမီက အပြန်ပြန်အလှန်လှန်စစ်ဆေးပြီးခါမှ

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now