V6 Chapter 27

67 10 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 27 - တတိယစစ်မေးမှု

အိုင်ဗီရဲ့မျက်နှာပေါ်ကနေ ချွေးစေးတွေကျလာတယ်။ သေချာပေါက် စိတ်မှန်တဲ့ ဟီးရိုးကျောင်းအုပ်တစ်ယောက်က အခုလိုစစ်မေးမှုမျိုးကို လုပ်မှာမဟုတ်ဘူး။ အိုင်ဗီကြောက်နေတာကိုတွေ့တော့ မက်ဒါနာကလည်း စိတ္တဇဆန်ဆန် ပြန်ပြုံးပြလိုက်တယ်။

အိုင်ဗီလည်း အထိတ်ထိတ်အလန့်လန့်နဲ့ နောက်ကိုနည်းနည်းဆုတ်မိသွားတယ်။ ဒါပေမဲ့ သူ့ပုံစံက ယုန်မလေး ဝံပုလွေကိုကြောက်နေတဲ့ ပုံစံမျိုးမလို့ ဘယ်လိုယောက်ျားသားမျိုးမဆို ကြွေဆင်းမိသွားမယ့်ပုံစံမျိုးပါ။ ဒါပေမဲ့ ဖရက်ကတော့ ဒီမိန်းကလေးရဲ့တကယ့်ပုံစံအစစ်ကို မြင်ဖူးပြီးသားမလို့ မျက်စိကိုမှေးရုံပဲမှေးထားတယ်။

"ဒါ အဓိပ္ပါယ်ရောရှိသေးရဲ့လား။ ရှင်တို့ကျောင်းက ဘယ်လိုကျောင်းလဲ။ ကျောင်းမှာအလုပ်လာလျှောက်တဲ့ သူတွေကိုတောင် အန္တရာယ်ဖြစ်စေနိုင်တဲ့နည်းလမ်းတွေနဲ့ ဘယ်လိုလုပ်စစ်ဆေးနေနိုင်တာလဲ။ တစ်ယောက်ယောက် ထိခိုက်သွားရင်မခက်ဘူးလား။"

အိုင်ဗီက နှင်းတွေဖုံးနေတဲ့နေရာတစ်ခုမှာ ရပ်နေရလို့ ချမ်းစိမ့်နေသူလိုမျိုး သူ့ကိုယ်သူပြန်ဖက်ထားလိုက်တယ်။ သူ့မျက်လုံးတွေက လှုပ်ခါနေပြီး တုန်လှုပ်မှုကို အတိုင်းသားမြင်နိုင်ပါတယ်။

"ကျွန်မအရင်က ပြောခဲ့သလိုပါပဲ၊ ဒဏ်ရရတဲ့သူတွေကို ကျွန်မတို့ကျောင်းက အကောင်းဆုံးကုသရေးမြူတန့်တွေနဲ့ ကုသခွင့်ပေးမယ်။ ဒါပေမဲ့ အခုစစ်ဆေးမှုမှာက လက်ပြတ်နိုင်တဲ့အန္တရာယ်ရှိတာဆိုတော့ ရှင့်လိုကုသရေးမြူတန့်တစ်ယောက်အနေနဲ့ ကုသဖို့ဘယ်လောက်တောင် ခက်ခဲလဲဆိုတာတော့ သိမှာပါနော်။ ဒီတော့ ရှင်မစမ်းချင်ရင် ပြန်လို့ရပြီ။"

မက်ဒါနာက အိုင်ဗီကို လုံးဝဂရုမစိုက်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။ သူ့လေသံက တီဗီမှာ မိုးလေဝသသတင်း​ကြေညာပေးနေတဲ့အတိုင်းပဲ။ ဖရက်လည်း ပြုံးလိုက်တယ်။ အိုင်ဗီစိတ္တဇဆန်တယ်ဆိုတာ မက်ဒါနာနဲ့ယှဥ်ရင် ကလေးအဆင့်ပဲရှိသေးတာ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now