V6 Chapter 2 ဝါရှင်တန်ဆန့်ကျင်ရေးသမား

71 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 2 - ဝါရှင်တန်မိန့်ခွန်း (၁)

ဖရက်တစ်ယောက် ကလေးတွေကို အထင်သေးမိသွားတာ လုံးဝမှားတယ်။ ပုရွက်ဆိတ်အုံကြီးကို လေနဲ့လွင့်ပါသွားအောင် လုပ်ပြီးတဲ့နောက် ကလေးခြောက်ယောက်ရဲ့အကြည့်တွေက ပြောင်းလဲသွားတယ်။

သူတို့တွေက ဖရက်ကို အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်လို စသဘောထားနေကြပါပြီ။ ခပ်ကြီးကြီးအမြွှာသုံးယောက်ထဲက ခေါင်းဆောင်က ခပ်သေးသေးအမြွှားသုံးယောက်ထဲက ခေါင်းဆောင်နဲ့စဆွေးနွေးတယ်။

"ညီနောင်တို့၊ ဒီလူကြီးက အနိုင်ယူဖို့ခပ်ခဲပုံပဲ။"

"အကန့်အသတ်စစ်ပွဲကိုရပ်ပြီး တိုက်စစ်အပြည့်ဖွင့်ရအောင်။"

  နောက်တော့ ကလေးတွလက်သီးလက်မောင်းတန်းကာ ဖရက်ဆီကိုပြေးဝင်လာကြရော။ ဖရက်လည်း မျက်လုံးပြူးသွားတာပေါ့။

"ဟေ့လူကြီး၊ တံခါးဝကနေဖယ်စမ်း။ မမ​လှလှလေးတစ်ယောက်ကို ခင်ဗျားကာကွယ်နေတာမလား။ ကျုပ်တို့လည်းမမလှလှလေးကို ကြည့်ချင်တာပေါ့ဗျ။"

"မမလှလှလေးရှိရင် မီးမီးတို့ မမလေးပေါင်ပေါ်မှာထိုင်ချင်တယ်။" ကလေးတွေက ပြောပြောဆိုဆိုနဲ့ ဖရက်ကိုယ်ပေါ်တွယ်ဖက်ဖို့ကြိုးစားနေကြပြီ။ အမြွှာယောက်ျားလေးတွေက ဖရက်ကိုဆက်လက်တိုက်ခိုက်နေပေမဲ့ အမြွှာမိန်းကလေးတွေကတော့ ချစ်စရာကောင်းအောင် ဟန်ဆောင်ပြီးမျက်လုံးပြူးလေးတွေနဲ့ ကြည့်နေကြတယ်။

"ဒီကောင်တွေ၊ နှာဘူးအသေးစားလေးတွေလားဟ။ ဘယ်လိုလုပ်ပြီး ငါမင်းသမီးလေးကို ကာကွယ်နေတယ်ဆိုတာ သိသွားတာလဲ။" ဖရက်တစ်ယောက် ကလေးတွေကို မအံ့ဩဘဲမနေနိုင်တော့ဘူး။

ကလေးထဲကတစ်ယောက်က သူ့နှာခေါင်းကို လက်ညိုးထိုးပြလိုက်တယ်။ "ခြံထဲမှာ တော်တော်ကောင်းတဲ့ အနံတစ်ခုရနေလို့လေ။ မိန်းကလေးအနံပဲဖြစ်မှာ။"

"....."

ဖရက်အကျပ်ရိုက်နေတုန်း အန်တီလေးအိုလီဗာတို့အဖွဲ့ ခြံထဲဝင်လာပြီး ကလေးတွေနားရပ်လိုက်တယ်။ အိုလီဗာက ကလေးတွေကို မျက်စောင်းထိုးကြည့်လိုက်ပြီး အတော်စိတ်လျှော့ထားရတဲ့ လေသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now