V5 Chapter 18

79 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 18 - မင်းသမီးလေး တရားဝင်ရာထူးရပြီ

အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဆုဗာနာခံစစ်တိုက်ပွဲပြီးသွားခဲ့ပြီ။

မက်ဒါနာတို့လေတပ်က ရန်သူ့လေတပ်ကို ရှောင်ဖို့အတွက် ​အရင်ပြန်ဆုတ်ခဲ့တာဖြစ်လို့ အခုမက်ဒါနာက နန်းတော်မှာရောက်နေပါပြီ။ ဒီပနဲ့မက်ဒါနာက အခုတိုက်ပွဲအကြောင်း အနည်းအကျင်းဆွေးနွေးဖြစ်တယ်။

"အရိုးမျက်နှာတွေက ငါတို့ထင်ထာထက် အများကြီးပိုစောပြီး စစ်မြေပြင်မှာပေါ်လာတာပဲ။ အဖိုးက မြေသားတံတိုင်းတွေကို အမြန်ဆောက်ဖို့ စဥ်းစားမိခဲ့တာ ကံကောင်းတယ်။"

အစကတော့ မက်ဒါနာက နှစ်ပတ်အတွင်းစက်ရုံလည်ပြီး ဆုဗာနာရှေ့တန်းခံစစ်အတွက် လုံလောက်တဲ့ နည်းပညာမြင့်ချပ်ဝတ်တွေ ထုတ်လုပ်ပေးနိုင်ဖို့ မျှော်မှန်းခဲ့တာပါ။ ဒါပေမဲ့ ဆုဗာနာကိုယ်ရံတော်တပ်ဖွဲ့နဲ့ အ​ခြားတပ်ရင်းနှစ်ခုအတွက်ထုတ်ပေးပြီးချိန်မှာပဲ အရိုးမျက်နှာတွေရောက်လာခဲ့ပါတယ်။

မက်ဒါနာသာ နယ်စားကြီးကို အရိုးမျက်နှာတွေအကြောင်း အစမဖော်မိရင် ဘာတွေဖြစ်လာမလဲမသိဘူး။ နယ်စားကြီးက သူ့မြေးသတိပေးခဲ့တဲ့အတွက် အရေအတွက်သာတဲ့ရန်သူကို ခုခံနိုင်မယ့်ဗျူဟာတစ်ခုကို စဥ်းစားခဲ့မိပြီး ပုရွက်ဆိတ်တွေနဲ့ မြေသားတံတိုင်းတစ်ခုကို သူ့စိတ်ကူးနဲ့သူဆောက်ခဲ့တယ်။ ဒီတံတိုင်းက ဆုဗာနာနိုင်ငံနယ်စပ်ကို ကယ်ခဲ့တယ်လို့ပြောရင်မမှားဘူး။

မက်ဒါနာက သူ့မျက်မှန်ကနေတစ်ဆင့် စေဘာစတိန်းဆီက​နေ အရိုးမျက်နှာတွေဆုတ်ခွာသွားတာကို မြင်နေရတယ်။ အင်အားနဲ့အသာစီးရယူမယ့်ဗျူဟာ မအောင်မြင်ဖြစ်သွားပြီးနောက် ကြေးစားတပ်ဖွဲ့က ဆက်မစွန့်စားရဲတော့ပါဘူး။

နယ်စားကြီးကို လုပ်ကြံမယ့်ကိစ္စလည်း ကျရှုံးသွားတဲ့အတွက် နယ်စားကြီးရဲ့ပုရွက်ဆိတ်တွေကိုခေါ်နိုင်တဲ့ ဝှက်ဖဲကိုကြောက်ပြီး သူတို့ပြန်ဆုတ်သွားကြတာ။

ဒီပကတော့ လက်ရှိအောင်ပွဲအပေါ် သိပ်ဂုဏ်မယူနိုင်သေးပါဘူး။ "အစ်မကြီး၊ ဒီတစ်ခေါက်က နောက်ဆုံးမဟုတ်သေးဘူးလို့ ကျွန်တော်ခံစားနေရတယ်။ သူတို့ပြန်လာဦးမယ်ထင်တယ်။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now