V8 Chapter 29

33 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 29 - မိုးကြိုးနတ်ဘုရင်


 ဖရက်နဲ့ဘာရွန်က လေထုထဲမှာ မျက်နှာချင်းဆိုင်ရပ်နေကြတယ်။ ဖရက်လက်ထဲမှာ မိုးကြိုးဓားကိုကိုင်ထားပြီး ဘာရွန်ကတော့ လက်ပိုက်ပြီးရပ်နေပါတယ်။ သူက ဖရက်ကို ပမာမခန့်တဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။

 "မင်းအရင်စရမလား၊ ငါအရင်စရမလား။"

 ဖရက်ကတော့ စကားမပြောဘဲ ဓားကိုစဝေ့ယမ်းရင်းနဲ့ပဲ အဖြေပြန်ပေးလိုက်တယ်။ အသံကိုကျော်လွန်နေတဲ့ အမြန်နှုန်းနဲ့အတူ လေထုပေါက်ကွဲသံထွက်လာတယ်။ တစ်ခဏအတွင်းမှာပဲ ဘာရွန်ရှေ့ကို ဖရက်ရောက်လာပြီး မိုးကြိုးဓားနဲ့လည်ပင်းကို ဦးတည်ခုတ်ပိုင်းလိုက်ပါပြီ။

 "အားပါတယ်၊ ဟားဟား။" ဘာရွန်က ချီးကျူးလိုက်ပြီး ဖရက်ရဲ့မိုးကြိုးဓားကို တံတောင်နဲ့ပက်ထုတ်ပါတယ်။ မိုးကြိုးဓားက ဘာရွန်ရဲ့လက်နဲ့ထိတာနဲ့ထက်ပိုင်းပြတ်ပြီး ပျောက်ကွယ်သွားလေရဲ့။ ဒါပေမဲ့ ကောင်းကင်ပေါ်မှာ တိမ်တွေစုစည်းလိုက်ပြီးတော့ ခရမ်းရောင်မိုးကြိုးတစ်ချက် ပြန်ပစ်ချလိုက်ပါပြီ။ မိုးကြိုးလျှပ်စီးကြောင်းက ဖရက်လက်ထဲကိုကျဆင်းလာပြီး နောက်ဓားတစ်လက်ဖြစ်ပေါ်လာကာ ဘာမှမဖြစ်တဲ့အတိုင်း ဘာရွန်ကိုဆက်တိုက်ပါတယ်။

 "မဆိုးဘူး၊ မဆိုးဘူး။ ဒါပေမဲ့ ဒီအားလောက်နဲ့တော့ ငါ့ကိုဒဏ်ရာရအောင် လုပ်လို့မရဘူးနော်။"

 ဘာရွန်ကတော့ ရယ်မောရင်းနဲ့ပဲ ဖရက်ရဲ့ဓားချက်တွေကို အပျင်းပြေခတ်ထုတ်နေပါတယ်။ သိပ်မကြာခင်မှာပဲ ဖရက်ရဲ့အားနည်းလွန်းတဲ့ ဓားချက်တွေကို ခုခံနေရတာ ပျင်းရိတဲ့ပုံစံနဲ့ သူ့လက်ကိုဆန့်ထုတ်ပြီး ဖရက်ရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပါပြီ။ ဒါပေမဲ့ ဖရက်ကလည်း ဘာရွန်ဒီလိုလုပ်လာမှာကို ကြိုတွေးမိပုံပါပဲ။ သူက ပြုံးလိုက်တယ်။

ဂျိန်း... ဂျလိန်း...

 ကောင်းကင်တိမ်တိုက်တွေက ရုတ်တရက်မိုင်ယာမီမြို့တစ်ခုလုံးကို ဖုံးအုပ်သွားပြီး မိုးကြိုးလျှပ်စီးသွားပေါင်းရာချီက တစ်ပြိုင်နက်တည်း ဘာရွန်ရဲ့ကိုယ်ပေါ်ကို လှံသွားတွေလိုမျိုး ကျဆင်းလာပါတော့တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now